Friday, June 13, 2014

ရခိုင်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဖို့ လူတချို့က ဆန္ဒပြတောင်းဆိုခဲ့



ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ရေးအတွက် လူအင်အား ၁၅၀ ခန့်က ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြုပြင်ရေး ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံကိုပြင်လိုက်ရင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေ မွတ်စလင်တွေရဲ့ လက်ထဲ ရောက်နိုင် တဲ့အတွက် ဖွဲ့စည်းပုံကို မပြင်စေလိုတာဖြစ်ကြောင်း ဆန္ဒပြ ခေါင်းဆောင်သူတစ်ဦးဖြစ်တဲ့ အာရကန်မောင်လှ (ခ) ဦးအောင်သန်းနုက ပြောပါတယ်။

ဆန္ဒထုတ်ဖော်သူတွေက ဗုဒ္ဓဘာသာ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ရေး၊ အမျိုးစောင့်ဥပဒေ အမြန်ဆုံးပေါ်ထွက်ရေး ၊ပုဒ်မ ၅၉(ဃ)( စ) လုံးဝ မပြင်ရေး၊ ပုဒ်မ ၄၃၆လုံးဝမပြင်ရေး အချက်တွေအပြင် သမ္မတ ကို ထောက်ခံ ကြောင်းလည်း ပြောဆိုခဲ့ ကြပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်တချို့ကို ပြင်ဆင်ဖို့ အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ်-NLD နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းတို့က လှုပ်ရှားနေ ချိန်မှာပဲ အခြေခံ ဥပဒေကို မပြင်ဖို့ တောင်းဆို မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

တဆက် တည်းမှာပဲ ပုဒ်မ (၄၃၆) ပြင်ဆင်ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်းလူ့ အဖွဲ့အစည်း တို့က မော်လမြိုင်မြို့ ဟုံစံစီ တရုတ်ဘုံကျောင်းမှာ ဟောပြောပွဲတွေ ပြုလုပ်ဖို့ရှိပေမယ့်လည်း နောက်ပိုင်းမှာ ဘုံကျောင်းက ဟောပြောပွဲကို လက်ခံတော့တဲ့အတွက် နေရာရွှေ့ပြောင်းမှု လုပ်လိုက်ရတယ်လို့ ဆိုပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို မနက်ဖြန်မှာ ပြုလုပ်မှာဖြစ်ပေမယ့် တရုတ်ဘုံကျောင်းကို ဘယ်သူဘယ်ဝါ မှန်းမသိပဲ ဖုန်းကနေတဆင့် ခြိမ်းခြောက်စကားပြောဆိုလာတဲ့အတွက် ဘုံကျောင်းက လက်ခံဖို့ ငြင်းဆိုရတာဖြစ် တယ်လို့လည်း ပြောဆိုနေကြပါတယ်။

အဲဒါကြောင့် သံလွင်ဥယျာဉ်အတွင်းရှိ New Sky ခန်းမမှာ ကျင်းပ ပြုလုပ်သွားမှာဖြစ်တဲ့အကြောင်း မြစ်မခ သတင်းအရ သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List