Tuesday, June 10, 2014

ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံသို့ ဇွန် ၁၃ ရက်သွားမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နီပေါနိုင်ငံ ဝန်ကြီးချုပ်Mr. Sushil Koirala ၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံ၊ ခတ္တမန္ဓူမြို့သို့ဇွန်လ (၁၃) ရက်နေ့တွင်သွားရောက်ရန်ရှိကြောင်း ဒီချုပ်မှ သတင်းထုတ်ပြန်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နီပေါနိုင်ငံခရီးစဉ်တွင်ဒေါ်အောင်ဆန်း စုကြည် - ဥက္ကဋ္ဌ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)နှင့်ဒေါက်တာတင်မာအောင် - Chief of staff & Personal assistant to Chairperson၊၊ ဦးဖြိုးဇေယျာသော် - Member of the Parliament & Parliamentary Private Secretary၊ ဦးမိုးဇော်ဦး - Communication Officer of Chairperson’s Officeတို့ပါဝင်မည်ဖြစ်သည်။

အဆိုပါခရီးစဉ်တွင် နီပေါနိုင်ငံသမ္မတ Rt. Hon. Dr. Ram Baran Yadav, ဝန်ကြီးချုပ် Rt. Hon. Mr. Sushil Koirala တို့နှင့် တွေ့ဆုံမည့်အပြင် နီပေါနိုင်ငံ လွှတ်တော် (Baneshwar) သို့ သွားရောက်လေ့ လာကာ လွှတ်တော်ဥက္ကဋ္ဌ Mr. Subash Chandra Nembang နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ ထို့အပြင် နီပေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. B.P. Koirala နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်၍ နှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် လုမ္ဗနီဥယျာဉ် (Lumbini) သို့သွားရောက်ခြင်းများ ပြုလုပ်ရန် စီစဉ်ထားရှိသည်။ 

ဇွန်၁၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီးအဆိုပါနေ့ ညပိုင်းတွင် ရန်ကုန်၊မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ဟုဒီချုပ်မှသတင်းထုတ်ပြန်သည်။


Popular Myanmar News Journal

No comments:

Post a Comment

My Blog List