Monday, June 09, 2014

ကချင်စစ်ပွဲ သုံးနှစ်ပြည့်ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ရန်ကုန်မြို့တွင်ပြုလုပ်






တစ်ကျော့ပြန် ကချင်စစ်ပွဲ သုံးနှစ်ပြည့် ငြိမ်းချမ်းရေးဆုတောင်းပွဲကို ရန်ကုန်မြို့ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်တွင် ဇွန်လ ၉ ရက်က ပြုလုပ်ခဲ့သည်။

လူဦးရေ တစ်ရာကျော်တက်ရောက်ခဲ့ကြဦး ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် စကားများပြောကြားခြင်း၊ တေးသီချင်းများ သရုပ်ဖော်ပြကွက်များဖြင့် စစ်ပွဲရပ်တန့်ရေး တောင်းဆိုခဲ့ကြသည်။

ယင်းဆုတောင်းပွဲသို့ တက်ရောက်လာသော ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကလည်း တိုင်းရင်းသားတန်းတူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု စနစ် တည်ဆောက်ရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်များကို ဥပဒေအရ ခိုင်မာအောင် ပြုလုပ်နိုင်ရေး တို့အတွက် ပုဒ်မ-၄၃၆ ပြင်ဆင်ရေးသည် ပထမအဆင့်ခြေလှမ်းဖြစ်ပြီး ယင်းအတွက် ပုဒ်မ-၄၃၆ ပြင်ဆင်ရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

7Day News Journal

No comments:

Post a Comment

My Blog List