Monday, June 09, 2014

ခွင့်ပြုမိန့်မရရှိပဲ မကွေးမြို့ တွင် NLD နဲ့ ၈၈(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းအဖွဲ့) တို့ပူးပေါင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲပြုလုပ်





မကွေးတိုင်းဒေသကြီး၏ အာဏာပိုင်များ၏ ခွင့်ပြုမိန့်မရရှိခဲ့သောလည်း မကွေးမြို့ ၊ကန်သာရပ်ကွက်ရှိ၊ အေးစေဘုရားတွင်NLD နဲ့ ၈၈(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းအဖွဲ့)တို့ ပူးပေါင်းကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲတစ်ရပ်အား(ယနေ့)ဇွန် ၉ရက်တွင် ကျင်းပသွားခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့ကို မကွေးမြို့ တိုင်းရဲတပ်ဖွဲ့ကနေ မလုပ်ဖို့တားပါတယ် ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဒီပွဲကို လုပ်မယ် ကျွန်တော်တို့သွားပြီးတော့ ဆွေးနွေးခဲ့သေးတယ် အတူတူဝိုင်းဝန်းလုပ်ဖို့အတွက် ဒါနဲ့ သူတို့က မလုပ်နိုင်ဘူး ခင်ဗျားတို့ လုပ်ရင် စင်တွေကိုဖျက်ပစ်မယ်လို့ပြောတယ်။

ကျွန်တော်တို့ဆီမှာက အားလုံးသိတဲ့အတိုင်းပဲ အရင်တချိန်က ရှိခဲ့တဲ့ စစ်အာဏာရှင်စနစ်မပျောက်သေးဘူး ကျန်နေသေး တယ်။ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ဒီပွဲကို ပြီးအောင်လုပ်မယ် သူတို့တရားစွဲရင်လည်းရင်ဆိုင်မယ်။ဒီနေ့ လုပ်တဲ့ပွဲများကွင်းအပြည့်ပွဲအားလုံးက ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် စိတ်အားထက်သန်နေကျတာလေ ကျွန်တော် တို့ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် အားလုံးအတူတူလက်တွဲ သွားရမယ် အာဏာပိုင်တွေ ဘယ်လိုပဲ တားတား ကျွန်တော်တို့ ဒီပွဲကိုအတတ်နိုင်ဆုံး ပြင်ဆင်ခဲ့တာပါ”ဟု ၈၈ (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းအဖွဲ့)မှ ဦးလှစန်းကပြောသည်။

၎င်း NLD နဲ့ ၈၈(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းအဖွဲ့)တို့ ပူးပေါင်းပြီး မကွေးမြို့ ၊ကန်သာရပ်ကွက်၊အေးစေတီဘုရား၊ ကျောင်းဝန်းတွင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ၌ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း၊ပွင့်ဖြူမြို့ နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမိုးညို၊ဒီမိုကရေစီအမျိုးသားအဖွဲ့ချုပ်မှကိုနေမျိုးကျော်၊၈၈(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း အဖွဲ့)ကိုဌေးကြွယ်တို့က ဟောပြောသွားခဲ့ပြီး ပြည်သူလူထုအင်အား ၅ထောင်နှင့်၁သောင်းကြားတက် ရောက်လာ ခဲ့ကြောင်း ၈၈(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းအဖွဲ့)မှ ဦးလှစန်း၏ ပြောကြားချက်အရသိရသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ NLD နဲ့ ၈၈(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းအဖွဲ့)တို့ ပူးပေါင်းကာ မေ ၁၇ရက် က ရန်ကုန်မြို့ ၊ဗိုလ်စိန်မှန်ကွင်းတွင် စတင်ဟောပြောခဲ့ပြီး မေ ၁၈ရက်တွင် မန္တလေးမြို့၌ ဟောပြောခဲ့သည်။ ယင်းနောက် မြန်မာပြည် တပြည်လုံးအတိုင်းအတာဖြင့် လူထုသဘောထား ထောက်ခံလက်မှတ်ရေးထိုးခြင်းများကို ကောက်ခံမှုများ လည်း ပြုလုပ်ခဲ့ပြီး (ယနေ့)ဇွန် ၁၉ရက်နေ့တွင် မကွေးမြို့ ၌ ထပ်မံဟောပြောပွဲများကိုကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ချစ်မင်းထွန်း
The Myanmar Age

No comments:

Post a Comment

My Blog List