Wednesday, June 11, 2014

ပီအာရ်စနစ်ကျင့်သုံးရန် အမျိုးသားလွှတ်တော် အတည်ပြု


အမျိုးသားလွှတ်တော်တွင် လာမည့် ရွေးကောက်ပွဲ၌ အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲ(PR)စနစ် ပြောင်းလဲ ကျင့်သုံးရန် ရွေးကောက်ပွဲကော်မရှင်အား တိုက်တွန်းကြောင်းအဆိုကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ ကန့်ကွက်သော်လည်း ထောက်ခံသူများသည့်အတွက် အဆိုအတည်ဖြစ်သွားပြီဖြစ်သည်။

အဆိုကို မဲခွဲဆုံးဖြတ်ရာ၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံးနှင့် အခြားလွှတ်တော် ကိုယ်စားလှယ်များက မတ်တတ်ရပ်၍ ကန့်ကွက်သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံခဲ့သည့်အတွက် ထောက်ခံမဲ ၁၁၇ မဲ၊ ကန့်ကွက်မဲ ၈၅ မဲဖြင့် အဆို အနိုင်ရရှိသွားခြင်းဖြစ်သည်။

အဆိုအနိုင်ရရှိသော်လည်း ရွေးကောက်ပွဲစနစ် အရေးကြီးသည့်အတွက် လွှတ်တော်အနေဖြင့် ကော်မရှင် ဖွဲ့၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ညှိနှိုင်းဆွေးနွေးရန်လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားလိုက်သည်။

7Day News Journal 

No comments:

Post a Comment

My Blog List