Thursday, June 12, 2014

အစ္စလာမ် စစ်သွေးကြွတွေ ဘဂ္ဂဒက်ကို သိမ်းဖို့ခြိမ်းခြောက်


အီရတ်မှာ အချက်အခြာကျတဲ့ မြို့ကြီးအတော်များများကို အစ္စလန်စစ်သွေးကြွတွေ ထိန်းချုပ်ခဲ့ပြီး တဲ့နောက် မှာ  အီရတ်မြို့တော် ဘဂ္ဂဒက်ကို သိမ်းပိုက်မယ်လို့  အစ္စလာမစ် Sunni စစ်သွေးကြွတွေက ကြာသပတေး နေ့မှာပဲ ခြိမ်းခြောက်လိုက် ပါတယ်။  Shiite မူစလင်တွေရဲ့ ဘာသာရေး အထွဋ်အမြတ်နေရာဖြစ်တဲ့ Karbala ကိုလည်း သိမ်းပိုက်မှာဖြစ်ကြောင်း အယ်လ်ကိုင်းဒါး နဲ့ ဆက်နွယ်နေတဲ့ ISIL အဖွဲ့ ပြောခွင့်ရ ကပြောပါတယ်။


ဒါပေမယ့် အီရတ်နိုင်ငံ မြောက်ပိုင်းက Kirkuk မြို့မှာတော့  Kurd တပ်ဖွဲ့တွေ ထိန်းချုပ် ထားနိုင်ပြီလို့ Kurd တပ်ဖွဲ့တာဝန်ခံတွေက ပြောကြားခဲ့ပါတယ်။    မြို့ကြီး အတော်များများကို အစ္စလာမ်စစ်သွေးကြွတွေ သိမ်းပိုက်ခဲ့တာမို့  Shiite တွေ ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ  အခက်အခဲတွေ ကြုံနေရတဲ့ အီရတ်နိုင်ငံရဲ့ အခြေနေကို ကြာသပတေးနေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ Mosul ကို  ISIL စစ်သွေးကြွအဖွဲ့ ဝင်ရောက်တိုက်ခိုက် ခဲ့တာ အတွက် လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး အခုလို အကြမ်းဖက်မှုတွေဟာ အီရန်နိုင်ငံလျှောက်လှမ်းနေတဲ့  ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလမ်းကို နောက်ပြန် သွားစေမယ်လို့ သတိပေးလိုက်ပါတယ်။

Mosul မှာ ချထားတဲ့ စစ်တပ်တာဝန်ခံတွေဟာ သူတို့တာဝန်ယူရမယ့် စခန်းတွေနဲ့ Mosul ကို စွန့်ခွါ ထွက်ပြေးခဲ့ကြတာဟာ သူတို့ပါ ဒီသိမ်းပိုက်မှုမှာ ပါဝင်ပါတ်သက်နေတယ်လို  အီရတ်ဝန်ကြီးချုပ် Nouri al-Maliki က မနေ့က ပြောကြားခဲ့ပါတယ်။ 

 "အခု Nineveh ခရိုင်မှာ ဖြစ်ပွါးခဲ့တာဟာ လျို့ဝှက်ပူးပေါင်း ကြံစည်မှု တခုလို့ ပြောနိုင်ပါတယ်။ ဘာ့ကြောင့် လဲဆိုတော့ အယ်လ်ကိုင်းဒါးနဲ့  ISIL အဖွဲ့တွေဟာ အဲဒီမှာ ရှိတဲ့ စစ်တပ်နဲ့ ရဲတွေကို မယှဉ်နိုင်ပါဘူး။  ဒါပေမယ့် အဲဒီမှာ ဘာတွေဘယ်လိုဖြစ်ခဲ့ပြီး တပ်တချို့ အကွဲကွဲအပြားပြား ဖြစ်ခဲ့ရတယ်ဆိုတာ မသိပေမယ့် ဘာကြောင့် ဖြစ်ရတယ်ဆိုတာတော့ သိတယ်" လို့ပြောသွားတာပါ။

တချိန်ထဲမှာပဲ လက်ရှိ Mosul - Tikrit နဲ့ Fallujah မြို့တွေမှာ ထိမ်းချုပ်ထားတဲ့ စစ်သွေးကြွတွေကို တိုက်ထုတ်ဖို့ အီရတ်အစိုးရရဲ့ လုပ်ဆောင်နေမှုတွေကို အကူအညီပေးနိုင်ဖို့ အမေရိကန် ပြည်ထောင်စုက  သေသေချာချာ သုံးသပ်နေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Jan Psakai ကပြောပါတယ်။

VOA

No comments:

Post a Comment

My Blog List