Wednesday, June 11, 2014

အမေရိကန် အထက်တန်းကျောင်း ပစ်ခတ်ခံရမှု ၄ ဦး သေဆုံး


အမေရိကန်နိုင်ငံ အိုရီဂွန်ပြည်နယ် ၀ုဒ်ရွာမှာ ဇွန် ၁၀ ရက်နေ့မှာ သေနတ်သမားတယောက်က ရေးနော့တ် အထက်တန်းကျောင်းကို ပစ်ခတ်ခဲ့လို့ ကျောင်းသား ၁ ဦးအပါအ၀င် ၄ ဦး သေဆုံးခဲ့ပါတယ်။ ဒါဟာ အမေရိကန် ပညာရေးပရ၀ုဏ်ထဲမှာ ၃ ပတ်အတွင်း ၃ ကြိမ်မြောက် သေနတ်ကိုင်အကြမ်းဖက်မှု ဖြစ်ပါ တယ်။

ပစ်ခတ်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူနဲ့ တခြားဘယ်သူမှ ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ရဲတွေက ပြောပါတယ်။

အခင်းဖြစ်ပုံကို ကျောင်းသား တင်မ် ဇာဘတာ (Tim Zabata) က “ကျောင်းသားတယောက်က သေနတ်သံ ကြားတော့ တယောက်ယောက်က ဗျောက်အိုးဖောက်ပြီး နောက်တယ်လို့ထင်ခဲ့တာ။ အဲဒီနောက် သူတို့က စအော်ပြီး ၀ပ်နေခိုင်းတယ်။ အဲဒီတော့မှ ကျနော်တို့ အားလုံး အသည်းအသန် ဖြစ်ခဲ့တာ” လို့ ပြောပါတယ်။

ပစ်ခတ်မှု စတင်တာနဲ့ တပြိုင်နက် ကျောင်းရဲ့ လုံခြုံရေးစနစ်အရ တကျောင်းလုံး ပိတ်ကျသွားပြီး ဥပဒေ အာဏာတည်ရေးနဲ့ အရေးပေါ်အဖွဲ့ဝင်တွေက တခန်းဝင်တခန်းထွက် ကျောင်းသားတွေကို ကယ်ထုတ်ခဲ့ ရပါတယ်။

သံသယရှိသူနဲ့ သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာ ရဲတွေက မထုတ်ပြန်သေးပါဘူး။ ဒီကျောင်းမှာ ကျောင်း သားပေါင်း ၂၈၀၀ ကျော် ပညာသင်နေတာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List