Monday, June 09, 2014

အီတလီနှင့်ပွဲတွင် တိုက်စစ်ဖွင့်ကစားမည်ဟု အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန်ပြော


အင်္ဂလန်အသင်းအတွက် အီတလီနှင့်ရင်ဆိုင်ရမည့် အုပ်စုအဖွင့်ပွဲစဉ်တွင် လိုအပ်သလိုတိုက်စစ်ဖွင့် ကစား သွားမည်ဖြစ်ကြောင်း အင်္ဂလန်အသင်းနည်းပြ ရွိုင်းဟော့ဆန်က ပြောကြားလိုက်သည်။ အသင်း၏ တိုက်စစ် ကစားသမားများ စိတ်ဓာတ်တက် ကြွလာစေရန် မိမိတို့လှုံ့ဆော် ပေးရမည်ဖြစ်ပြီး အဆိုပါကစား သမား များ၏ အရည်အသွေးကို သိထားရန်လည်း လိုအပ်သည်ဟု ရွိုင်းဟော့ဆန်က ဆိုသည်။

‘‘အသင်းမှာရှိတဲ့ တိုက်စစ်ကစားသမားတွေ တိုက်စစ်ကိုအကောင်းဆုံး လိုက်ကစားနိုင်ဖို့ ကျွန်တော် အားပေးထားပါတယ်။ သူတို့တွေ လုပ်နိုင်တဲ့ အချက်ပေါ် မူတည်ပြီး ကျွန်တော် လုပ်ခိုင်းမှာပါ။ ဒါပေမဲ့ သူတို့မလုပ်နိုင် တာကို တစ်ဇွတ်ထိုးလုပ်တတ်တာကိုလည်း ပြုပြင်တတ်လာအောင် ပြောထားပါတယ်။ အဲဒီပွဲအတွက် တစ်ချိန်လုံးစဉ်းစားနေ ပေမယ့်လည်း တကယ့်ပွဲကျရင် အသင်းရဲ့ လုပ်အားနှုန်း ဘယ်လိုထွက်လာမလဲဆိုတာ အတိအကျ ပြောလို့မရပါဘူး။ ဒါကို ကျွန်တော်တို့က ဘယ်လိုကြိုပြီး ကာကွယ် နိုင်မှာလဲ။ စတာလင်ဆိုရင်လည်း လေ့ကျင့်ရေးကွင်းမှာ သူကစားပုံကို ကြည့်ရတာ တကယ်ကျေနပ်စရာလို့ ထင်ချင်စရာ။ ဒါပေမဲ့ အီတလီအသင်းနဲ့ တွေ့တဲ့အခါ အမှားနည်းနည်းလောက် လုပ်မိသွားတယ်ဆိုတာနဲ့ သူတို့ကကျွန်တော်တို့ကို အခက်တွေ့သွား မယ့် အသင်းမျိုးပါ’’ဟု ရွိုင်းဟော့ဆန်က ဆိုသည်။ ထို့အပြင် အီတလီအသင်းသည် အတွေ့အကြုံရင့်ကစားသမားများစွာနှင့်အရည်အသွေးပြည့်ဝသော နည်း ပြရှိနေသောကြောင့် မိမိတို့ အလွန်သတိထားရလိမ့်မည်ဟု ရွိုင်း ဟော့ဆန်က ပြောကြားသည်။

တစ်ချိန်တည်းမှာပင် အင်္ဂ လန်အသင်း ကမ္ဘာ့ဖလားတွင် အောင်မြင်ရန်အတွက် ယတြာနည်းလမ်းများကို ဂါရန်တာဆို သော နတ်ဆရာက ပြောပြလိုက်ကြောင်း Mirror သတင်းစာက ဖော်ပြသည်။ လက်ရွေးစင် အသင်း အောင်မြင်ရန် အင်္ဂလန်ပရိတ် သတ်များအနေဖြင့် ပြိုင်ပွဲကာလအတွင်း သက်သတ်လွတ် စားပေး ရန် ရွန်နေးကိုလည်း ကြမ်းတမ်း သော မိန်းမတစ်ဦးစိတ်သွင်းကာ ဂါထာရွတ်ရန်လိုအပ်ကြောင်း အဆိုပါ နတ်ဆရာက တိုက်တွန်းခဲ့သည်။ ရွန်နေး၏ မူလစိတ်နေစိတ်ထားကို ပြောင်းလဲရန်အတွက် နတ်ဆရာသည် ၎င်း၏အခန်းထဲမှနေ၍ လက်တစ်ဖက်တွင် ငါးအသေတစ်ကောင်ကိုင်ကာ လက်တစ်ဖက်တွင်လည်း ဆေးဖယောင်းတိုင်ကိုကိုင်ပြီး မန်းမှုတ်မှုများကို ရွန်နေးဓာတ်ပုံရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဓိကအချက်မှာ ရွန်နေး၏ နှလုံးသားထဲတွင်ရှိနေသော မူလစိတ်ဓာတ်အစား မိန်းမကြမ်းတစ်ဦး၏ စိတ်ဓာတ်များ ဝင်ရောက်သွားရန်ဟုဆိုသည်။ ထို့အပြင် ဒဏ်ရာရနေသော ချိန်ဘာလိန်ကိုလည်း ပြန်ကောင်းရန် ကူညီမည်ဟုဆိုသည်။

Ref : Mirror
7Day News Journal

No comments:

Post a Comment

My Blog List