Wednesday, June 11, 2014

အသက်၂၂ နှစ်ပြည့် မွေးနေ့မှာ ဒုတိယ တစ်ကိုယ်တော် အခွေ ထွက်ရှိမယ့် စိုးပြည့်သဇင်


စိုးပြည့်သဇင်က သူ့ရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေကို IC  နဲ့ စီစဉ်နေပါတယ်။ အခွေခေါင်းစဉ် ကိုတော့ ပထမ တစ်ကိုယ်တော် အခွေ “ချစ်သူရွေးမယ်” နဲ့ ဆက်စပ်မှု ရှိအောင် “အချစ်ကို ရှာဖွေတွေ့ရှိခြင်း” လို့ နာမည်ပေးထားကြောင်း သိရပါတယ်။ 

စီးရီးနှစ်ခုစလုံး ရဲ့ ခေါင်းစဉ် တွေကို အချစ်နဲ့ ပတ်သက်ပြီး ပေးဖြစ်ပုံကို စိုးပြည့်သဇင် က..

“အချစ်ကို ရှာဖွေ တွေ့ရှိခြင်းလို့ ပေးဖြစ်တာက လူငယ်လည်းဖြစ်တယ်။ ကဗျာ ဆန်တယ်။ လူတိုင်းလူတိုင်း မှာ အချစ်ကို ခံစားတတ်ကြတာပဲလေ။ 

ထူးထူးခြားခြားလည်း ဖြစ်သွားအောင်လို့ပါ။ ချစ်သူရွေးမယ်ဆိုတုန်းကလည်း မှတ်မိလွယ်တယ်။ အခု အချစ်ကို ရှာဖွေတွေ့ရှိ ခြင်းဆိုလည်း ဘာပဲပြောပြော လူတိုင်းအချစ်နဲ့ ကြုံတွေ့နေတာပဲ ဆိုတော့မှတ်မိ လွယ်တယ်။ ပြီးတော့ စိုးပြည့်က ခေါင်းစဉ်ကို အဆွေးပုံစံ မျိုး မလိုချင်ဘူးလေ။ 

အဲဒီ ရည်ရွယ်ချက်ကြောင့်ပါပဲ။ ကျန်တာ ဘာအကန့်မှ မရှိပါဘူး” လို့ ပြောပါတယ်။ တေးရေးမင်းချစ်သူ၊ ဇဝါ၊ မိုးမိုး၊ ညီမင်းခိုင်နဲ့ အန်ကယ်တီ တို့က ရေးစပ်ပေးထားပြီး တေးသီချင်း ၁၃ ပုဒ်ပါဝင် မှာဖြစ်ကြောင်း သိရပါ တယ်။ ဒုတိယ တေးစီးရီးအတွက် အကောင်းဆုံးကြိုး စားပြင်ဆင်နေတယ်ဆိုတဲ့ စိုးပြည့်သဇင်က “အရင် အခွေထက် အများကြီး ပိုကောင်းအောင် စိုးပြည့် အတတ် နိုင်ဆုံး ကြိုးစားထားပါတယ်။ 

စိုးပြည့် အသံပိုင်းဆိုင်ရာရော၊ သီချင်းပိုင်းဆိုင်ရာရော ပရိသတ်ကြိုက်မယ့် သီချင်းပုံစံမျိုးဖြစ်အောင် ရွေးချယ် ထားပါတယ်။ သီချင်းနည်းနည်း သွင်းဖို့ပဲကျန် တော့တယ်”လို့ ပြောပါတယ်။ 

ဒီအခွေကို စက်တင်ဘာ ၂၂ ရက်နေ့မှာ ကျ ရောက်မယ့် စိုးပြည့်သဇင်ရဲ့ ၂၂ နှစ်ပြည့် မွေးနေ့မှာ ထွက်ရှိ နိုင်အောင် ကြိုး စားနေကြောင်း သိရပါတယ်။

ခိုင်ဝေလွင်
Popular Journal

No comments:

Post a Comment

My Blog List