Tuesday, June 10, 2014

နိုင်ငံရေးအကျဉ်းသား မရှိသလောက်ဖြစ်နေပြီဟု သမ္မတဦးသိန်းစိန် ပြော


နိုင်ငံရေးလုပ်ငန်းစဉ်များ တွင်နိုင်ငံသားအားလုံးပါဝင်ရန်အတွက် နိုင်ငံရေးအကျဉ်းသားများအား ပြန်လည် လွှတ်ပေးခဲ့ပြီးလက်ရှိအချိန်တွင် နိုင်ငံရေး အကျဉ်းသားမရှိသလောက်ဖြစ်နေပြီဟု နိုင်ငံ တော်သမ္မတ ဦးသိန်းစိန် က ပြောသည်။

ဇွန် ၇ ရက်က ပဲခူးတိုင်းဒေသကြီး ရွှေမော်ဓောဘုရားယာဉ်ရပ်နားကွင်းတွင် ပြုလုပ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးအခမ်းအနား၌ယခုကဲ့သို့ပြည်သူများအား ပြောကြားလိုက် ခြင်းဖြစ် သည်။

ဦးသိန်းစိန်က ''ဒီကနေ့ပြောကြ မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားဆိုတာမရှိ သလောက်ပါပဲ။ ဒါတွေကိုလက် ကျန်တွေရှိ သေးတယ်ရှိသေးတယ်ဆိုပြီး စွပ်စွဲနေတဲ့အ တွက်ကြောင့် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး တော့မှ စိစစ်ထားပြီးပါပြီ''ဟု ပြောသည်။ 

သမ္မတက မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများမရှိ သလောက်ဟုဆိုသော် လည်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညိုထွန်းက လက်ရှိမြန်မာ နိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ဟောင်း ၃ဝ ဝန်းကျင် ကျန်ရှိနေသေးကြောင်း ဖလားဝါးနယူးစ်သို့ပြောသည်။

ဦးညိုထွန်းက ''သမ္မတကြီးပြော တဲ့နိုင်ငံရေးအကျဉ်းသားမရှိဘူးဆိုတာက တော့ မှားတယ်။ တစ်ခုရှိတာက တချို့က လူသတ်မှုတွေ၊ မူးယစ်ဆေးဝါးမှုတွေ၊ နိုင်ငံ ရေးပုဒ်မတွေနဲ့ အကျဉ်းသားတွေရှိသေးတယ်။ နိုင်ငံရေးပုဒ်မနဲ့ အကျဉ်းထောင်ထဲမှာ ရှိနေ တာ ၃ဝ ဝန်းကျင်လောက်ရှိတယ်''ဟု ပြောသည်။

အစိုးရသစ်လက်ထက်တွင် နှစ် ပေါင်း၂ဝကျော်က အကြောင်းအမျိုမျိုး ကြောင့်ဖမ်းဆီးထိန်းသိမ်းထား သူများ ကို နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံသားအား လုံးပါဝင်နိုင်ရန်အတွက် ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်များ အကြိမ်ကြိမ်ပေးခဲ့သည်ဟု နိုင်ငံတော်သမ္မတက ဆိုသည်။

ယင်းက ''တိုင်းပြည်အေးချမ်းမှု ရှိရန်အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု များပြုလုပ်ရမည်ဖြစ်ပြီး ယင်းလုပ် ငန်းစဉ်ထဲတွင် ပါဝင်သင့်သည့် နိုင်ငံသားအားလုံးပါ ဝင်အောင်လုပ်ပေးရမည်ဖြစ်ခြင်းကြောင့် နှစ် ပေါင်း ၆ဝကျော် ပဋိပက္ခများချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းများ ခေါင်းထဲဝင်လာခဲ့ကြောင်း နိုင်ငံရေးအရ ငြိမ်းချမ်းမှုရှိအောင် အဟန့်အတားဖြစ်နေသည့်ပါတီများအားဟန့်တားမှု များပြေပျောက်အောင် လုပ်ဆောင်ပေးခဲ့တယ်''ဟု အဆိုပါအခမ်း အနားတွင် ပြောသည်။

Yangon Media Group

No comments:

Post a Comment

My Blog List