Friday, June 13, 2014

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် မိုးလေဝသဌာနကို တိကျသည့် ခန့်မှန်းချက်များပေးရန် ဝေဖန်လမ်းညွှန်


မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအမ်သည် နိုင်ငံ၏ မိုးလေဝသဌာန တာဝန်ရှိဝန်ထမ်း များအား မတိကျသည့် မိုးလေဝသခန့်မှန်းချက်များ ပေးနေခြင်းကို ဝေဖန်ခဲ့ပြီး လမ်းညွှန်မှုပေးနေခြင်းကို နိုင်ငံပိုင် မီဒီယာတွင် ရှားရှားပါးပါး ပြသခဲ့သည်။

သဘာဝဘေးအန္တရာယ်များ မကြာခဏ ကြုံတွေ့ရလေ့ရှိသည့် မြောက်ကိုရီးယားတွင် ကင်ဂျုံအမ်က ထိုသို့ နိုင်ငံ၏ မိုးလေဝသဌာန သို့ ရှောင်တခင်သွားရောက်စစ် ဆေးပြီးနောက် ဝေဖန်ခဲ့ခြင်းဖြစ် သည်။

‘‘မိုးလေဝသခန့်မှန်းမှုတွေ ဟာ ခေတ်မီတဲ့၊ သိပ္ပံနည်းကျအ ခြေခံနဲ့ မလုပ်တဲ့အတွက်ကြောင့် မတိကျတဲ့ ရာသီဥတု ခန့်မှန်းချက် တွေပဲ ထွက်လာနေတာဖြစ်တယ်’’ ဟု ကင်ဂျုံအမ်က မြောက်ကိုရီး ယား မိုးလေဝသ ဌာနသို့ သွား ရောက်စစ်ဆေးမှုတွင် ဝန်ထမ်း များအား ဝေဖန်သည်။

ထို့အပြင် ဌာနအနေဖြင့် ၎င်းတို့၏ ခန့်မှန်းချက်များ မှန်ကန်လာအောင် ပစ္စည်းကိရိယာများ နှင့် လုပ်အားတို့ ကိုလည်း တိုးတက်အောင် ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့သည်ဟု အင်္ဂါနေ့က ထုတ်ပြန်သော နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။

မြောက်ကိုရီးယားတွင် မိုးလေဝသ ခန့်မှန်းချက်များမှာ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန် လိုအပ်ကြောင်း၊ မိုးလေဝသဌာနသည် နိုင်ငံ၏ စီးပွားရေးကိစ္စရပ်များ တစ်ခုလုံးပေါ်တွင် သက်ရောက်မှုရှိကြောင်း ၎င်းကဆိုသည်။

မြောက်ကိုရီးယားတွင် နိုင်ငံ ခေါင်းဆောင်များ၏ အစိုးရဌာန များသို့ သွားရောက်စစ်ဆေးလေ့ လာသည့် ခရီးစဉ်များအတွင်း အစိုးရအရာရှိများကို ယခုကဲ့သို့ ခေါင်းဆောင်က ဝေဖန်ပြောကြား ခဲ့သည်မှာ ရှားပါးသောဖြစ်ရပ် ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့်မေလတွင် ဆယ်စုနှစ် သုံးခုအတွင်း အဆိုးရွားဆုံးနွေဦး ရာသီ ရေကြီးမှုဖြစ်ခဲ့ပြီး သီးနှံစိုက် ခင်းများ ထောင်နှင့်ချီ၍ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ခဲ့ရသည်။

7Day News Journal 

No comments:

Post a Comment

My Blog List