Tuesday, June 10, 2014

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ဖျော်ဖြေရေး အခမ်းအနားမှ ဂျင်နီဖာလိုပက်ဇ် နုတ်ထွက်


နာမည်ကျော် ပေါ့ပ်တေးသံရှင် ဂျင်နီဖာလိုပက်ဇ်ဟာ ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပါဝင် ဖျော်ဖြေတော့မှာ မဟုတ်ဘူးလို့ CNA သတင်းဌာနမှာ ဖော်ပြထား ပါတယ်။

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အထိမ်းအမှတ် သီချင်းဖြစ်တဲ့ We Are One သီချင်းကို ရက်ပ်တေးသံရှင် Pitbull၊ ဘရာဇီးလ် တေးသံရှင် ကလော်ဒီယာ လက်တီတို့နဲ့ အတူတွဲဖက် သီဆိုထားတဲ့ ဂျင်နီဖာ လိုပက်ဇ်ဟာ မူလက ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားမှာ ပါဝင်ဖျော်ဖြေဖို့ စီစဉ်ထားပေမယ့် ပြိုင်ပွဲ စတင်ဖို့ လေးရက်အလိုကျမှ အခုလို နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

“ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အထိမ်းအမှတ်သီချင်း We Are One ရဲ့ အဆိုတော်တစ်ယောက် ဖြစ်တဲ့ ဂျင်နီဖာလိုပက်ဇ်ဟာ ထုတ်လုပ်ရေး ပြဿနာတချို့ ဖြေရှင်းဖို့ ရှိနေတဲ့အတွက် ဖွင့်ပွဲ အခမ်းအနားမှာ ပါဝင် ဖျော်ဖြေနိုင်တော့မှာ မဟုတ်ပါဘူး”လို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင် ထဲမှာ ဖော်ပြထားပါတယ်။

အခုလို ဂျင်နီဖာလိုပက်ဇ် နုတ်ထွက်လိုက်တဲ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားမှာ We Are One သီချင်းကို Pitbull နဲ့ ကလော်ဒီယာလက်တီတို့ နှစ်ယောက်တည်း သီဆို ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

၂၅ မိနစ်တာ ကြာမြင့်မယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားမှာ ကျွမ်းဘား အားကစား သမားတွေ၊ ဘရာဇီးရိုးရာ သိုင်းပညာရှင်တွေနဲ့ ကုလားမ ခြေထောက်နဲ့ လမ်းလျှောက်မယ့်သူတွေ အပါ အဝင် ဖျော်ဖြေရေး သမားပေါင်း ၆၀၀ ခန့် ပါဝင်မှာ ဖြစ်ပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List