Wednesday, June 11, 2014

သမ၀ါယမ၏ အသေးစားချေးငွေလုပ်ငန်း အကျိုးကျေးဇူးကြောင့် ၄/၅ နှစ်အတွင်း ပြည်သူများ လုံးဝငွေချေးရန် လိုမည်မဟုတ်တော့ဟု ၀န်ကြီးဦးကျော်ဆန်းပြော



ယခင် ပြန်ကြားရေးဝန်ကြီး၊ ယခု သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းက ယခုလ ၇ ရက်နေ့ ပဲခူးတိုင်းတွင်ပြုလုပ်သော ကျေးလက်ဒေသနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေးအခမ်းအနား၌ အသေးစားချေးငွေလုပ်ငန်းနှင့် ပတ်သက်၍ ပြည်သူများ၏ ခံစားချက်များကို ပြန်လည်တင်ပြရာတွင် “ယခုကဲ့သို့ အတိုးသက်သက်သာသာ ချေးငွေဖြင့် အလုပ်လုပ်ရပါက တော်ရုံတန်ရုံရာသီဥတုဖောက်ပြန်မှုကိုပင် တောင်သူများက မမှုတော့ကြောင်း၊ ဆိုက္ကားအငှား၊ အပ်ချုပ်အငှားဘ၀ကနေ ဆိုက္ကားပိုင်၊ အပ်ချုပ်စက်ပိုင် ဖြစ်လာတဲ့အတွက် အများကြီး ပိုအဆင်ပြေလာကြောင်း” စသည်ဖြင့် ပြောကြားခဲ့သသည်။ 
ယင်းပြောကြားချက်နှင့် ပတ်သက်၍ ပဲခူးနေ ပြည်သူတဦးက “ဆိုက္ကာနင်းသူ ဆိုက္ကားပိုင် ဘာညာဆိုတော့ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က ဦးနေ၀င်းလုပ်ခဲ့တဲ့ လယ်လုပ်သူလယ်ပိုင်ဆိုတဲ့ လုပ်ငန်းစဉ်ကိုတောင် သွားသတိရမိတယ်၊ ဒါပေမယ့်ဗျာ ကျနော်တို့ ပဲခူးမှာ ဆိုက္ကားနင်းသု မရှိတော့ဘူး၊ အားလုံး ဆိုင်ကယ် ကယ်ရီတွေဖြစ်ကုန်ပြီဗျ” ဟု ပြောသည်။

ယင်းအပြင် အသေးစားချေးငွေလုပ်ငန်း၏ အကျိုးကျေးဇူးကြောင့် နောင် ၄/၅ နှစ်ကြာသောအခါ ပြည်သူများအနေနှင့် လုံးဝ ငွေချေးစရာလိုတော့မည်မဟုတ်ကြောင်း၊ ကိုယ်ပိုင်ငွေနှင့် လုပ်ငန်းလုပ်ကိုင်လာနိုင်မည်ဖြစ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတတ်မှု sustainable development ကို ရရှိနိုင်မည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List