Thursday, June 12, 2014

ပီနန်ဆရာတော်က မဟနကို ဂုဏ်တုဂုဏ်ပြိုင်လုပ်လို့ အစိုးရက စိန်ခေါ်တာလား


ပီနန်ဆရာတော်ဘုရားကြီးအပါအဝင် သံဃာတွေဟာ မဟာသန္တိသုခကျောင်းတိုက်မှာ ကျူးကျော်ဝင်ရောက် ပြီး နေထိုင်နေတဲ့အပြင် မဟနကို ဂုဏ်တုဂုဏ်ပြိုင်လုပ်လို့ အခုလို ဖယ်ရှားလိုက်လိုက်တာလို့ သမ္မတ အကြံပေး ဦးအံ့မောင်က ပြောလိုက်ပါတယ်။ ပီနန်ဆရာတော်ဘုရားကြီးကို မြန်မာအစိုးရ ဘယ်လိုစိန်ခေါ် လိုက်သလဲ။

ဇွန် ၁၁ရက်နေ့ ည ၁၁နာရီကျော်မှာ တာမွေမြို့နယ်ထဲက မဟာသန္တိသုခကျောင်းတိုက်ကို စစ်ထောက် လှမ်းရေး၊ ရဲ၊ မဟန ဘုန်းကြီးတွေနဲ့ စွမ်းအားရှင် ထောင်နဲ့ချီဝိုင်းပိတ်ဆို့ပြီး အဓမ္မစီးနင်းဝင်ရောက် ခဲ့တဲ့ကိစ္စကို ဦးအံ့မောင်က သတင်းမီဒီယာတွေကို ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး ဝိနည်းတတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ ဆုံးဖြတ်ချက်ကို နာခံဖို့၊ တကယ်ရှင်းချင်ရင် ပီနန်ဆရာတော်ကိုယ်တိုင် လာရှင်းပါလို့ စိန်ခေါ်လိုက်ပါတယ်။

ပီနန်ဆရာတော်ကြီးရဲ့ ဒါယိကာမအရင်းဖြစ်တဲ့ သရုပ်ဆောင် လှလှမိုးက မဟာသန္တိသုခကျောင်းတိုက်ကို ပိုင်ဆိုင်တဲ့ ဂရန်ဟာ ပီနန်ဆရာတော်ဘုရားကြီးဆီမှာရှိပြီး အခုလို ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး ရှက်စရာ ကောင်းတဲ့ ဖြစ်ရပ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ဘုန်းကြီးလောဘဆိုတာ ပိုလို့တောင် ကြောက်ဖို့ကောင်း တယ်လို့ သူက ဆိုပါတယ်။

မဟနလို့ လူသိများတဲ့ နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ရဲ့ ဓမ္မစက်ဆုံးဖြတ်ချက်ကို အစိုးရက အာဏာ စက်သုံးပြီး ဖြေရှင်းလိုက်တာဖြစ်ပြီး အများပြည်သူတွေ အထိတ်တလန့်မဖြစ်အောင် အခချိန်မတော် ဝင်ရောက်စီးနင်းခဲ့တာလို့ ရန်ကုန်တိုင်း သာသနာရေးမှူး ဦးစိန်မော် က ဆိုပါတယ်။

မြန်မာအစိုးရဟာ မဟာသန္တိသုခကျောင်းတိုက်ကို ချိတ်ပိတ်ခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ သံဃာအပါး ၁၂ဝ ကို မဟနရဲ့ညွှန်ကြားချက်နဲ့ စိစစ်နေဆဲဖြစ်ပြီး ဂေါပကဝန်ထမ်း အပါအဝင် ၃၂ဦးကိုတော့ ခံဝန်ကတိနဲ့ လွှတ်ပေးလိုက်ပြီလို့ သာသနာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသနဲ့ မဟနကြားမှာ ကျောင်းတိုက်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အငြင်း ပွားနေတာကို ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံကို သီတင်းသုံးကြွရောက်ချိန်မှာ မဟနဟာ စွမ်းအားရှင်တွေ၊ 
ရဲတွေ၊ ထောက်လှမ်းရေးတွေနဲ့ ကိုယ်တိုင်အင်အားသုံးပြီး ဝင်ရောက်စီးနင်းခဲ့ပါတယ်။

Kamayut Media 

No comments:

Post a Comment

My Blog List