Monday, June 09, 2014

မြန်မာပြည်မြောက်ပိုင်းမှ ငြိမ်းချမ်းရေးခေါ်သံ


တပ်နှင့် ကေအိုင်အေတို့ ကြား တစ်ရက်လျှင် နှစ်ကြိမ်ကျော်ဖြင့် တိုက်ပွဲဖြစ်ပွားနေသော တစ်ကျော့ပြန် ကချင်စစ်ပွဲမှာ သုံးနှစ်ပြည့်မြောက်ပြီဖြစ်သည်။ပြုပြင်ပြောင်းလဲရေးအစောပိုင်းကာလ သမ္မတဦးသိန်းစိန်၏ အစိုးရသစ်သက်တမ်းနှစ်လခွဲခန့် အကြာတွင် မြန်မာ့တပ်မတော် နှင့် ကချင်လွတ်မြောက်ရေးတပ် မတော် (ကေအိုင်အေ)တို့ (၁၇) နှစ်ကြာရရှိထားသော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ကျိုးပျက်ခဲ့ပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။

အစိုးရနှင့် ၁၉၉၄ ခုနှစ်ကပင် အပစ်အခတ်ရပ်စဲရေးသဘောတူထားပြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ များထဲတွင် ဒုတိယအင် အားအကြီးမားဆုံးဖြစ်သော ကေအိုင်အေက နယ်ခြားစောင့်တပ် (BGF)အဖြစ် ဖွဲ့စည်းရန် လက်မခံခဲ့ခြင်းမှစတင်၍ နှစ်ဖက်တင်းမာ မှုများရှိခဲ့သည်။

ယင်းနောက်ပိုင်း ၂၀၁၁ ခုနှစ်ဇွန်လ ၉ ရက်တွင် မြန်မာ- တရုတ်နယ်စပ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတစ်ခုဖြစ်သော တာပိန်ရေအားလျှပ်စစ်စီမံကိန်းအနီးရှိကေအိုင်အေတပ်များကို အစိုးရတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှတိုက်ပွဲများတစ်ကျော့ပြန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် ၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ (၁၇)နှစ်တိုင် တိုက်ပွဲ များမဖြစ်ဘဲ ယခုမှ တစ်ကျော့ပြန် စစ်ပွဲများ ပြန်ဖြစ်လာခြင်းဖြစ်သည်။

အစိုးရတပ်နှင့် ကေအိုင်အေ တို့  သုံးနှစ်တာကာလအတွင်း တိုက်ပွဲနှင့် ထိတွေ့မှုအကြိမ်ရေ ပေါင်း ၂,၅၀၀ ခန့်ဖြစ်ပွားခဲ့ ကြောင်း  စောင့်ကြည့်လေ့လာ သော အဖွဲ့အစည်းများနှင့် ကေ အိုင်အေ သတင်းရင်းမြစ် များက ဆိုသည်။  ရက်ပေါင်းနှစ်ထောင် ကျော်ကာလအတွင်း တစ်ရက် လျှင် နှစ်ကြိမ်နှင့် အထက်နှုန်းပြန် လည်ဖြစ်ပွားနေခြင်းလည်း ဖြစ်သည်။

သုံးနှစ်တာကာလအတွင်း ကေအိုင်အေဘက်မှ လူ၂၀၀ ကျော် သေဆုံးခဲ့ပြီး ၈၀၀ ခန့်ဒဏ်ရာရရှိ ကာ ဒုက္ခိတဘဝရောက်ခဲ့ရကြောင်းကေအိုင်အေသတင်း ရင်းမြစ်များက ဆိုသည်။ အစိုးရ တပ်ဘက်မှ ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ အတည်ပြုပြောကြားခြင်းမရှိသော်လည်း စောင့်ကြည့် လေ့လာသူများက ကေအိုင်အေထက် ထိခိုက်ကျဆုံးမှု  ပိုမိုများပြားနိုင်ကြောင်း ခန့်မှန်းသည်။

ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ် ပွားနေသော မြန်မာနိုင်ငံသည် အာဆီယံဒေသတွင် စစ်ရေးအသုံး စရိတ်အမြင့်မားဆုံးဖြစ်ကြောင်း Action Aid Myanmar မှ အမေရိ ကန်စီးပွားရေးပညာရှင် Bard Robertson က မေလဆန်းပိုင်း က ရန်ကုန်မြို့တွင် ပြောကြားခဲ့ သည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က စုစု ပေါင်းအသုံးစရိတ်၏ ၂၉ ရာခိုင် နှုန်း (အမေရိကန်ဒေါ်လာ ၁၂၅ သန်း) အသုံးပြုခဲ့ကြောင်း AAM စစ်တမ်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် စစ်ရေးအသုံး စရိတ်မြင့် မားနေခြင်းသည် ပြည် တွင်းစစ်ဖြစ်ပွားနေခြင်းကြောင့် ဖြစ်ပြီး ယင်းကဲ့သို့ စစ်အသုံး စရိတ်မြင့် မားခြင်းကြောင့် အခြား ကဏ္ဍများကို နိမ့်ကျစေပြီး အာဆီ ယံဒေသတွင် ဒုတိယအဆင်းရဲ ဆုံးတိုင်းပြည်  ဖြစ်စေကြောင်း AAM က ဆိုသည်။

တစ်ကျော့ပြန် ကချင်စစ်ပွဲ ချုပ်ငြိမ်းစေရန် ဆွေးနွေးပွဲများကို (၁၀)ကြိမ်ကျော်ပြုလုပ်ခဲ့ပြီးဖြစ် သည်။ သို့သော်လည်း ငြိမ်းချမ်း ရေးမရရှိနိုင်သေးဘဲ စစ်ပြေးဒုက္ခ သည် တစ်သိန်းကျော်မှာ ယာယီ စခန်းများတွင် ဆင်းရဲကျပ်တည်း စွာ နေထိုင်နေရဆဲဖြစ်သည်။

 ပြည်တွင်းစစ်ဖြစ်ပွားနေ ခြင်းသည် တိုင်းပြည်၏ ဒီမိုကရေ စီအသွင်ကူးပြောင်းရေးကို ထိခိုက်စေပြီး လူမျိုးရေးဝါဒများကို ဖြစ်ပွားစေကြောင်း ကချင်ဒေသတွင်း အဖွဲ့အစည်းများကဆိုသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ကချင်စစ်ပွဲ သုံးနှစ်ပြည့်ဆန္ဒဖော်ထုတ်ပွဲတွင် ယခုကဲ့သို့ ပြောသည်။

 ‘‘ကျွန်တော်တို့နိုင်ငံရဲ့ အပြောင်းအလဲမှာ အဓိကအကျဆုံးစိန်ခေါ်မှုက တိုင်းရင်းသား တန်းတူညီမျှရေးပဲဖြစ် ပါတယ်။ လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့ပြည်တွင်းစစ်ရပ်စဲရေးဟာ ကျွန်တော်တို့ရဲ့ ပထမဆုံးနဲ့ အရေးကြီးဆုံးဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်’’ဟု ဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်နေသ်ာလည်း အပစ်အခတ်ရပ်စဲရေးသဘောတူ ညီမှုမရ ရှိသေးသော အစိုးရနှင့် ကေအိုင်အေတို့ကြား စစ်ရှိန် လျှော့ချရန် ပဋိပက္ခညှိနှိုင်းဖြေ ရှင်းရေးအဖွဲ့ကို ပြီးခဲ့သည့် မေလ ၁၃ ရက်က ဖွဲ့စည်းနိုင်ခဲ့သည်။ ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးချိန် မှစတင်၍ တိုက်ပွဲများ သိသာစွာငြိမ်သက်သွားကြောင်းလည်း နှစ် ဖက်စလုံးက ဆိုသည်။

သို့သော် စစ်မှန်ပြီးတည်တံ့သည့် ငြိမ်းချမ်းရေးရရှိရန် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီး  နိုင်ငံရေး ဆွေးနွေးပွဲများမှ တစ်ဆင့် အမြန်ဆုံးအဖြေရှာရန် လိုအပ်ကြောင်း အရပ်ဘက်လူမှု အဖွဲ့အစည်းများက ထောက်ပြသည်။

 ‘‘သုံးနှစ်ရှိပြီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကလည်း အခါပေါင်း မနည်းတော့ဘူး။ ဒါပေမဲ့ အခြေ အနေက တည်ငြိမ်မှုမရှိဘူးဖြစ် နေတယ်။ စားပွဲပေါ်မှာပြောတာနဲ့ လက်တွေ့ဒီဒေသမှာဖြစ်နေတဲ့ အဖြစ်အပျက်က ကွာဟမှုတွေရှိ နေလို့ဖြစ်တယ်ဆိုတာသိရတယ်။

စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် လာမည့်ဆွေးနွေးပွဲများ တွင် စစ်ဘေးဒဏ်ကို လက်တွေ့ ခံစားနေရသော ပြည်သူများ၏ အခန်းကဏ္ဍ ပိုမိုပါဝင်ရန် အရေး ကြီးကြောင်း လေ့လာသူများက ဆိုသည်။

အသွင်ကူးပြောင်းရေးဖြစ် စဉ်၏ အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်သော ကချင်စစ်ပွဲမှာမူ သုံးနှစ် ပြည့်မြောက် ပြီဖြစ်သော်လည်း ငြိမ်းချမ်းရေးမှာ ဝေဝါးနေဆဲသာ ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List