Tuesday, June 10, 2014

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား အသက်(၁၁၁)နှစ် အရွယ်တွင် ကွယ်လွန်


ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် သတ်မှတ်ခံထားရသည့်  ဓာတုဗေဒနှင့် စိတ်နယ်လွန် ဖြစ်ရပ် များကို လေ့လာဆန်းစစ်သည့် ပညာရှင် အမေရိကန် အဘိုးအို အိုင်မစ်ခ်ျသည် အသက်(၁၁၁)နှစ် အရွယ် တွင် နယူးယော့ခ်မြို့ရှိ နေအိမ်၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

အိုင်မစ်ခ်ျ၏ တူမတော်စပ်သူ ကီရန်ဘိုဂျန်က မက်ဟမ်တန် အရပ်တွင် နေထိုင်သော အဖိုးအိုသည် ပြီးခဲ့သည့် (၂)ပတ်အတွင်း ကျန်းမာရေးအခြေအနေချို့တဲ့ယုတ်လျော့လာခဲ့ပြီး တနင်္ဂနွေနေ့တွင် ကွယ်လွန် ခဲ့ကြောင်း သတင်းထောက်များထံ အတည်ပြု ပြောကြားခဲ့သည်။

အိုင်မစ်ခ်ျကို (၁၉၀၃)ခုနှစ်က ပိုလန်နိုင်ငံရှိ မြို့လေးတစ်မြို့တွင် မွေးဖွားခဲ့ပြီး နာဇီဂျာမနီတို့ ကျူးကျော်လာ ချိန် (၁၉၃၉)ခုနှစ်တွင် နေရပ်မှ စွန့်ခွာထွက်ပြေးခဲ့ရသလို (၁၉၅၁)ခုနှစ်တွင် အမေရိကန်သို့ ရောက်ရှိလာ သည်။ အိုင်မစ်ခ်ျ၏ ဇနီးဖြစ်သူမှာ (၁၉၈၆)ခုနှစ် ကတည်းက ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။

အိုင်မစ်ခ်ျက ၎င်းအသက်ရှည်ရခြင်းမှာ မိမိ၏ပင်ကို မျိုးရိုးဗီဇ ကောင်းမွန်ခြင်းနှင့် ကျန်းမာရေးအတွက် သင့်တော်စွာ နေထိုင်စားသောက်သည့် လူနေမှုပုံစံကြောင်းဟု ပြောဆိုခဲ့ဖူးသည်။

ဂင်းနစ်မှတ်တမ်း အဖွဲ့သည် ယခုအခါ ဂျပန်နိုင်ငံမှ အသက်(၁၁၁)နှစ်အရွယ် ဆာကာရီ မိုမွိုင်ကို အိုင်မစ်ခ်ျ အစား ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် ပြောင်းလဲသတ်မှတ်ကြောင်း ကြေညာခဲ့သည်။

ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် ရပ်တည်နေသူမှာမူ ဂျပန်နိုင်ငံမှ အသက် ၁၁၆ နှစ်ရှိ အဘွားအို  မီဆာအို အိုကာဝါဖြစ်သည်။

Ref: CNN
7Day News Journal

No comments:

Post a Comment

My Blog List