ဂီတလောကထဲကို ၂၀၀၂ ထဲက ရောက်ရှိခဲ့ပြီး ခုလတ်တလော ပရိသတ်တွေနဲ့ ထိတွေ့မှုနည်းနေတဲ့ ရှင်ဖုန်းဟာ ခုချိန်မှာ လေးခွေမြောက် အယ်လ်ဘမ်သစ်ကို ပြင်ဆင်နေပြီလို့ သိရပါတယ်။ အားလုံး သိကြတဲ့အတိုင်း သူမရဲ့ ပထမခွေ အလွမ်းဆုံရာ၊ ဒုတိယ အခွေရ င်ခုန်မိသူနဲ့တတိယခွေ ကြင်နာသူ ကမ်းမဲ့လက် စတဲ့အခွေတွေဟာ ပရိသတ်တွေရင်ထဲ ရောက်ရှိခဲ့တဲ့ သီချင်းခွေတွေဖြစ်တာမို့ ဒီလေးခွေမြောက်အယ်လ်ဘမ်မှာ ဘာတွေများ ထူးထူးခြားခြား ဖန်တီးထားမလဲဆိုတာ မေးမြန်းကြည့် လိုက်တဲ့အခါမှာတော့ “အဓိက အခွေထဲမှာ အခြေခံပါမှာက pop rock ၊ contury style လေး တွေ ပါမယ်။
စီးရီး ခေါင်းစဉ်ကို လောလောဆယ်တော့ you are the one လို့ပေးထားပါတယ်။ ဒါပေမဲ့ တစ်ကယ် ထွက်လာတဲ့ခါကျရင် နဲနဲတော့ ပြောင်းမယ်ထင်တယ်။ အဲဒီသီချင်းလေးက ပါပါတယ်။
သံစဉ်ကတော့ ရဲဝင့်ထူးပါ။ အင်္ဂလိပ်စာသားက ရှင်ဖုန်းသူငယ်ချင်း အယ်ဒိုရေးပေးထားတာပါ။ တေးရေးတွေက ဆောင်းဦးလှိုင်၊ ရဲဝင့်ထူး၊ ရှင်ဖုန်း၊ မီးမီးခဲ၊ အယ်ဒို၊သားကြီး၊ ညီမင်းခိုင်နောက် အသစ်တွေလဲပါပါမယ်။ လောလောဆယ်ထည့်ဖို့စဉ်းစားထားတာက အများဆုံး ၁၂ပုဒ်၊ ၁၀ပုဒ်လဲဖြစ် ချင်ဖြစ်မယ်။ ဒီဇင်ဘာထွက်ဖို့စီစဉ်ထားတယ်။ အမ်တီဗီလဲထွက်မှာပါ။ ရှင်ဖုန်းရှေ့မှာ တစ်ခွေထွက်တာ လူမသိလိုက်ဘူး။ အဲဒီတော့ အဲ့သီချင်းတွေနဲ့ ခုထွက်မဲ့ သီချင်းတွေနဲ့ပေါင်းပြီး အမ်တီဗီပြန်လုပ်မှာပါ။ ရှင်ဖုန်း အမ်တီဗီကို အရင်က ခရီးသွားရင်း ရိုက်ထားတာတွေလဲရှိတယ်။
အေးဆေးတည်ငြိမ်လှတဲ့ ရှင်ဖုန်းရဲ့ အိမ်ထောင်ရေးအခြေအနေနဲ့ ကလေးမယူသေးဘူးလား ဆိုတာကို မေးကြည့်တော့ သူမက “အိမ်ထောင်ရေးအခြေအနေကအေးဆေးပါပဲ။ သားသမီးကယူဖို့အစီအစဉ်ရှိ တယ်။ အိမ်ထောင်ကျတာက ၇နှစ်ကျော်ပြီ။ ရှေ့မှာမယူပဲနဲ့ နေခဲ့တာပေါ့နော်။ ဒီနှစ်ပိုင်းကျမှ အစီ အစဉ်ဆွဲထားတာပါ။ ဒါပေမဲ့ အစ်ကိုကလဲ ခရီးတွေထွက်နေတော့ ဘယ်ချိန်ရမလဲတော့ မသိဘူး။ ကလေး ကတော့ယူဖြစ်မယ်ဆိုရင် အများဆုံး ၂ယောက်ပါပဲ”တဲ့။
Trend Myanmar
No comments:
Post a Comment