Friday, June 13, 2014

အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ရရှိပြီဖြစ်သည့် တောင်ဆူဒန်နိုင်ငံ



တောင်ဆူဒန်နိုင်ငံရဲ့ သမ္မတ Salva Kir နဲ့ သောင်းကျန်းသူခေါင်းဆောင်Riek Machar တို့ဟာ အီသီယိုပီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲအပြီးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ပါတယ်။တောင်ဆူဒန်နိုင်ငံရဲ့ သမ္မတ Salva Kir နဲ့ သူပုန်ခေါင်းဆောင်"ရိတ်မာချာ"တို့ဟာ အီသီယိုပီးယားနိုင်ငံ အာဒစ် အဘာဘာမြို့မှာတွေ့ဆုံခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲဖို့နဲ့ ရက်ပေါင်း(၆၀)အတွင်း ယာယီအစိုးရ အသစ်ပြန်လည် ဖွဲ့စည်းဖို့အတွက် သဘောတူညီချက် ရရှိခဲ့ ပါတယ်။
ဒီအစည်းအဝေးကို ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့တဲ့ အစိုးရ အချင်းချင်း စေ့စပ်ညှိနှိုင်းပေးရေး အဖွဲ့ IGDA ကတော့ခေါင်းဆောင်တွေဟာ ဒီသဘောတူညီချက်ကို ချိုးဖောက်ပါက စီးပွားရေအရအရေးယူပိတ်ဆို့မှုတွေကို ပြင်းပြင်း ထန်ထန် ချမှတ်သွားမှာ ဖြစ်တယ်လို့ပြောပါတယ်။ 

မစ္စတာ Kir ဟာ မစ္စတာ Machar တို့ကြားဖြစ်ပွားခဲ့တဲ့နိုင်ငံရေးသဘောထား မတိုက်ဆိုင်မှုကနေ လူမျိုးရေးအဓိက ရုဏ်းတွေဖြစ်စေတဲ့အထိ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကြောင့် တောင်ဆူဒန်နိုင်ငံသားလူဦးရေ ထောင်ဂဏန်းထိသေဆုံး ခဲ့ရပြီး ပြည်သူတစ်သန်းကျော်ဟာနေရပ်ကိုစွန့်ခွာထွက်ပြေးနေကြရပါတယ်။

Source; AFP 
The Myanma Age

No comments:

Post a Comment

My Blog List