Wednesday, June 11, 2014

အမှိုက်ကစ ပြာသာဒ်မီးမလောင်ရေး၊ မဟာသန်္တိသုခကျောင်းတော်ကြီးကိစ္စ ဘယ်ကိုဦးတည်နေပြီလဲ



ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ် ကွက်တွင်ရှိသော မဟာသန္တိသုခ ဘုန်းတော်ကြီးကျောင်းကို ဇွန်လ (၁၀)ရက်နေ့ညပိုင်းတွင်အင်အား သုံးကာ ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

အဆိုပါနေရာတွင် လုံခြုံ ရေးတာဝန်ယူထားသည့် တာဝန်ကျရဲအရာရှိတစ်ဦးက ““ကျွန်တော်တို့က ဒီမှာ အဓိကရုဏ်း မဖြစ် ပေါ်ရေးအတွက် လုံခြုံရေးယူ ထားတာပါ။ ကျန်တဲ့အပိုင်းကို တော့ သာသနာရေးဦးစီးဌာနကို မေးပါ။ ကျန်တာတော့ ကျွန်တော်တို့ မသိပါဘူး””ဟုပြောသည်။
အဆိုပါကျောင်းသို့သွားရာလမ်းကို တာဝန်ရှိသူများက ၀င်ထွက်ခွင့်ပိတ်ထားပြီး ကျောင်းရှိ အခန်းများကို ရှင်းလင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

““ဆရာတော်ကြီးက ဘာမှ လုပ်နေတာလဲမဟုတ်ဘူး။ ကျွန်မ တို့ရပ်ကွက်က လူတွေက စုပေါင်း ပြီးတော့ ဒီကျောင်းကို လှူဒါန်းထားတာပါ။ အခုဆိုရင် ဆရာ တော်ရဲ့ကျောင်းမှာ သင်တန်း တွေဖွင့်နေတယ်။ အခုလိုလုပ်တာကို မြင်တွေ့လိုက် ရတော့ ရင်ထဲမှာ တော်တော်ကို စိတ်မကောင်း ဖြစ်မိပါတယ်””ဟု ဒကာမတစ်ဦး ကဆိုသည်။

မစိုးရိမ်ဆရာတော်ဥူးဝီရသူ က ““ပီနန်ဆရာတော်ကြီးလည်း မရှိတဲ့အချိန်၊ ပြီးတော့လည်း ဘာစာမှ မထုတ်ဘူး။ နို့တစ် စာလည်းမထုတ်ဘူး။ ဒီလိုအကြမ်းဖက်ပြီး ၀င်စီးလိုက်တာကို နိုင်ငံတော် သံဃမဟာနာယက အတင်းဓားပြ ၀င်တိုက် လိုက်တာပဲလေ။ အဲဒီ ကိစ်္စကို ဦးဇင်းတို့ရဟန်းသံဃာထု အားလုံးက တစ်ခဲနက် ဆန့်ကျင် ကြရမှာဖြစ်တယ်။ အခုလို ပိုင် ဆိုင်မှုအငြင်းပွားနေတဲ့အချိန်မှာ ဘယ်သူပိုင်ဆိုင်တယ်၊ ဘယ်သူ မပိုင်ဆိုင်ဘူးဆိုတာကို မဆုံးဖြတ် သေးဘဲနဲ့ အခုလို အကြမ်းဖက်တာဟာ ၀ိနည်းသိက္ခာပုဒ်နဲ့ မညီသလို ဘုရားသားတော်တွေ မလုပ်သင့်ပါဘူး။ ဒီလိုပြုလုပ်လိုက်ခြင်း ဟာ နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေးကို ထိခိုက်နိုင်ပါတယ်””ဟု မိန့်ကြားသည်။

ပီနန် ဆရာတော်ကြီးလက်ထက် မဟာသန်္တိသုခ ကျောင်း တော်ကြီးတည်ဆောက်ခဲ့ရာတွင် ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ ပီနန်ဆရာတော်ကြီး၏ နိုင်ငံခြားမှ ဒါယကာ၊ ဒါယိကာမများ၊ ပြည်တွင်းပြည်ပမှ စေတနာရှင်များ၏ လှူဒါန်းငွေများဖြင့် တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့နောက် ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီတွင် သိမ်တော်ကြီး ဖွင့်ပွဲပြုလုပ်ပြီးနောက် ပီနန်ဆရာ တော်ကြီး နိုင်ငံခြားသို့ ရောက်ရှိ နေချိန် နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက နိုင်ငံတော်သံဃ မဟာနာယကသို့ မဟာသန္တိသုခကျောင်းတော်ကြီး ကို ၂၀၀၂ ခုနှစ် နိုဝင်ဘာလတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းနောက် ပီနန်ဆရာ တော်ကြီးသည် ၂၀၁၃ ခုနှစ်ခန့် တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပြီး မဟာသန္တိသုခ ကျောင်းကို ပြန်လည်တောင်းခံခဲ့ရာမှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော် ကြီးတို့ကြား ပိုင်ဆိုင်မှု အငြင်းပွားခဲ့ကြကြောင်း သိရသည်။

မဟာသန္တိသုခကျောင်းတော် သိမ်းယူခဲ့ခြင်းနှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးဌာနကဇွန်လ ၁၁ ရက်နေ့တွင် သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ရှင်းလင်းခဲ့ရာတွင် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်နှင့် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဒသာသနာပြုတက်္ကသိုလ်တို့ကဲ့သို့ စီမံအုပ်ချုပ်နိုင်ရန် မဟာသန္တိသုခ ကျောင်းတော်ကြီးကို ၂၅-၁၀-၂၀၀၂ ခုနှစ်တွင် နိုင်ငံ တော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့သို့ လှူဒါန်းခဲ့ကြောင်း ရှင်းလင်းပြော ကြားခဲ့သည်။

ထိုလှူဒါန်းပွဲသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုး တော်ဆောင်ချုပ် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တ ကုမာရ မကွေးဆရာတော်ကြီး တက်ရောက်ခဲ့ပြီး ဆရာတော်ကြီး က သြ၀ါဒကထာ ချီးမြှင့်ရာတွင် ““သြ၀ါဒမပေးမီ ညကပဲ သြ၀ါဒါ စရိယဆရာတော်တွေနဲ့ တိုင်ပင် ကြည့်တဲ့အခါ ဆရာတော်များက မိန့်တော်မူပါတယ်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ဟူ သော “သမ္ပဒါန်”ပုဒ်ဖြင့်ပြင်ပြီး မှတ် တမ်းတင်ပါလို့ မိန့်တော်မူကြပါ တယ်။ ဒါကြောင့် မှတ်တမ်းတင် တဲ့အခါမှာလည်းပဲ ““နိုင်ငံတော် အစိုးရက ဤကျောင်းတော်ကြီး ကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးအား အပ်နှံပါသည်လို့ မှတ်တမ်းတင်ရန် ကြိုတင်သိစေ ပါတယ်””ဟု ဆရာတော်ကြီး မိန့် ကြားခဲ့ကြောင်း သိရသည်။

ဆရာတော်ကြီးက ကျောင်း အပ်နှံမှုကို စနစ်ကျစေရန်နှင့် စကားလုံး တိကျခိုင်မာမှုရှိစေရန် ၀ိနည်းတော်နှင့် ညီညွတ်အောင် သြ၀ါဒမိန့်ကြားသည်ဟုဆိုသည်။

၁၇-၇-၂၀၁၃ ရက်တွင် ကျင်းပခဲ့သော ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (၄၇)ပါးစုံညီ ဧကူန၀ီသတိမ အစည်းအဝေး၌ နိုင်ငံတော်အကြီး အကဲများကနိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ကြီးအား လှူဒါန်းပြီး ဖြစ်၍ မေးခွင့်မရှိဟု ဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။

သာသနာရေးဝန်ကြီးဌာနက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ သို့ ပီနန်ဆရာတော်ကြီးအား သင် တန်းများ ကြီးကြပ်ဆောင်ရွက်ခွင့် ပြုနိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ တင်ပြလျှောက်ထားရာ အဆိုပါ ကိစ်္စနှင့်စပ်လျဉ်း၍ ၁၄-၆-၂၀၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ ပထမအကြိမ် အထူးအစည်း အဝေးမှ မဟာသန္တိ သုခ ကျောင်းတော်ကြီးသည် သံဃိကကျောင်း မဟုတ်ကြောင်း နှင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ပိုင်ကျောင်းဖြစ်သည်ဟု ဆုံး ဖြတ်ခဲ့ကြောင်း သိရသည်။

မဟာသန်္တိသုခ ဗုဒ္ဓသာသနာ ပြုကျောင်းတော်ကြီး၏ သြ၀ါဒါ စရိယဆရာတော်ကြီးများအဖွဲ့ကို နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့က ခိုင်မာစွာဖွဲ့စည်းထားပြီးဖြစ်၍ သင်တန်းကိစ်္စရပ်များကို သြ၀ါဒါစရိယဆရာတော်ကြီးများ စီမံဆောင် ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဆုံးဖြတ်ချက်တွင် ပါဝင် ကြောင်း သိရသည်။

မဟာသန္တိသုခကျောင်းတော် ကြီးကိုအာဏာပိုင်တို့ ၀င်ရောက် စီးနင်းချိပ်ပိတ်ချိန်တွင် ပီနန်ဆရာ တော်ကြီးမှာ ပြည်ပသို့ သာသနာ ပြုခရီးထွက်ခွာနေကြောင်း သိရသည်။ 

မျိုးကျော်
Hot News Journal

No comments:

Post a Comment

My Blog List