Friday, June 13, 2014

ကမ္ဘာ့ဖလား Website ကို တိုက်မည်ဟု ဟက်ကာများကြေညာ



Anonymous ဟု အမည်ခံထားသည့် ကွန်ပျူတာနှင့် အင်တာနက် ခိုးဖောက်သည့် ဟက်ကာအုပ်စု တစ်စုသည် ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် အထူးတင်ဆက်ထားသည့် Website နှင့် ဘရာဇီးဘဏ် Website များကို တိုက်ခိုက်မည် ဖြစ်ကြောင်း သတိပေး ကြေညာထားသည်ဟု ft.com သတင်းတွင် ဖော်ပြထားသည်။
ယင်းအဖွဲ့သည် ဖော်ပြထားသည့် Website များကိုသာမက ဘရာဇီးနိုင်ငံအတွင်း ထောက်လှမ်းရေး လုပ်ငန်းများကို လုပ်ဆောင်နေသော စစ်ရဲထောက်လှမ်းရေး Website ကိုလည်း တိုက်ခိုက်သွားမည်ဟု ကြိမ်းဝါးထားကြောင်း ယင်းသတင်းက ဆိုသည်။

Anonymous အဖွဲ့သည် ပြောသည့်အတိုင်း လုပ်တတ်သည့် ဟက်ကာ အဖွဲ့အစည်း ဖြစ်ပြီး အမှန်တကယ် တိုက်ခိုက်မှုကို စတင်လိုက်လျှင် အခြားအဖွဲ့အစည်းများနှင့် လုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်ပြီး အစိုးရ ဝန်ဆောင်မှု လုပ်ငန်းများပါ ထိခိုက်သွားမည် ဖြစ်သည်။

Xhacker TN ဟု အမည်ပေးထားသည့် ဟက်ကာအဖွဲ့ တစ်ဖွဲ့ကလည်း ဘဏ်လုပ်ငန်းများနှင့် ဆက်စပ်နေသည့် Webstie များ၏ အဖွင့်စာမျက်နှာများပေါ်သို့ ကမ္ဘာ့ဖလား အဖွဲ့ချုပ် FIFA ၏ မတရား လုပ်ရပ်များကို ဆန့်ကျင်ကြရန်၊ ဘောလုံးလောကအား ယင်းအဖွဲ့ချုပ်၏ ဗိုလ်ကျစိုးမိုးမှုကိုကန့်ကွက်ရန် စာတန်းပါဓာတ်ပုံများ လိုက်လံတင်လျက်ရှိကြောင်း ft.com သတင်းတွင် ရေးသားထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List