Thursday, June 12, 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များလက်နက် ကိုင်ဆောင်ခွင့် ညှိနှိုင်းဆဲရန်ကုန်တိုင်းဒေသကြီးအတွင်း



ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး လုပ်ဆောင်နေသည့်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကို အကြမ်းဖက် ခံရမှုများရှိနေသဖြင့်တပ်ဖွဲ့ဝင်များ မိမိကိုယ်ကိုခုခံကာကွယ်နိုင်ရန် လက်နက်ကိုင်ဆောင်ခွင့်အစီအစဉ်များကို ညှိနှိုင်းနေကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“လက်နက်ကိုင်ဆောင်ဖို့က တင်ထားတုန်းဘဲရှိပါသေးတယ်။ ရာဘာတုတ်၊ကျင်စက်တွေနဲ့ အခြားခုခံကာကွယ် ရေး ပစ္စည်းတွေ အသုံးပြုဖို့ ရှိပါတယ်။မြို့လယ်မှာ တာဝန်ထမ်းဆောင်ရတာဖြစ်တဲ့အတွက် သေနတ် ကိုင်ဆောင် ခွင့်ကတော့ မသင့်လျော်တဲ့အနေအထားလည်းဖြစ်တယ်။ အခြားဆိုးကျိုးတွေဖြစ်လာနိင်တယ်။” ဟုအဆိုပါ တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင်ရာဘာတုတ်များ ကိုင်ဆောင်ခွင့် ပေးထားသော်လည်း တုတ်၊ ဓါးများဖြင့်အကြမ်းဖက်တိုက်ခိုက်ခံရမှုများရှိနေသဖြင့် လက်နက်ကိုင်ဆောင် ခွင့်ပြုရန်
သက်ဆိုင်ရာက ညှိနှိုင်းဆွေးနွေးနေကြခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များမှ ဒုတိယရဲမှုးနှင့် အထက်ရာရှိများ၊ ယာဉ်ကြော ရှင်းလင်းရေး အဖွဲ့ (၉)ဖွဲ့မှခေါင်းဆောင် ရဲအုပ်များကို တာဝန်ထမ်းဆောင်ချိန်အတွင်းလက်နက်ကိုင်ဆောင်ခွင့် ပေးမည်ဟူသော သတင်းများထွက်ပေါ်လာသော်လည်း အဆိုပါကိစ္စရပ်မှာ ညှိနှိုင်းနေဆဲသာဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့မှဒုတိယ ရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။

“လက်နက်ကိုင်ဆောင်တာ အများပြည်သူအကျိုးအတွက်ဆိုရင်တောင်အထိတ်တလန့်ဖြစ်မှုတွေမဖြစ်စေဖို့ သတ်မှတ် ထားတဲ့စည်းမျဉ်းစည်းကမ်းတွေရှိပြီးသားပါ။ ဒါကြောင့် ဒီကိစ္စတွေကို ညှိနှိုင်းဆွေးနွေး နေဆဲဖြစ်ပါတယ်။” ဟု ၄င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၁၄ အတွင်း ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက် နေသည့်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို တာဝန်ထမ်းဆောင်စဉ် အချိန်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု(၄) ကြိမ်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ခွင့်ကိုအကြမ်းဖက်ခုခံမှုအဖြစ်များနေသည့်အတွက် ရန်ကုန်တိုင်းဒေ သကြီးအတွင်းလိုအပ်သည့်နေရာများ၌သာ ခွင့်ပြုရန် ဖြစ်နိင်ချေ ရှိကြောင်း သိရသည်။

မြစ်မခမီဒီယာဂရု(ပ်)၏ အွန်လိုင်းစာမျက်နှာတွင် ပြည်သူလူထု၏သဘောထားများကို ဖေါ်ပြနိုင်ရန် အိတ်ဖွင့်ပေးစာ ကဏ္ဍကို ဖွင့်လှစ်လိုက်ပါသည်။ အိတ်ဖွင့်ပေးစာကဏ္ဍတွင် ဖေါ်ပြသည့်အကြောင်းအရာများမှာ ရေးသားပေးပို့သူ များ၏အမြင်၊ သဘောထားများသာဖြစ်ပြီး မြစ်မခမီဒီယာဂရု(ပ်)၏ မူဝါဒနှင့်သဘောထားများ မဟုတ်ကြောင်း သိစေအပ် ပါသည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List