Monday, June 09, 2014

အမှိုက်ကောက်လှုပ်ရှားမှု လူငယ်နှစ်ရာကျော် ပါဝင်



ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ် အမှိုက် ကောက်သည့်လှုပ်ရှားမှုကို ဇွန်လ ၈ ရက်က ဆူးလေမှ ဗိုလ်တ ထောင်မြို့နယ်အထိ လူငယ် ၂၀၀ ကျော်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။အမှိုက်ကောက်လှုပ်ရှားမှုကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုရေးလုပ်ဆောင်နေသည့် လူ ငယ်အဖွဲ့အစည်း ၂၀ ကျော်မှ လူ ငယ် ၂၀၀ ကျော်ပါဝင်ခဲ့ပြီး ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည် လမ်းတို့တွင် အမှိုက်ကောက်ခဲ့ ကြောင်း ယင်းလှုပ်ရှားမှုတွင် ပါဝင်သည့် ဂေဟဟိတမှ မနော်ဘလောစီက ပြောသည်။
ထိုသို့ပြုလုပ်ရာတွင် ရန်ကုန်စည်ပင်သာယာကလည်း ပူးပေါင်းပါဝင်ခဲ့ပြီး ကောက်ယူခဲ့ သည့် အမှိုက်များကိုသိမ်းဆည်း ပေးခဲ့သည်ဟု ဆိုသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့ လှုပ်ရှားမှုများကို ရန်ကုန်မြို့အပြင်၊ မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် အမှိုက် ကောက်ခြင်း၊ သစ်ပင်စိုက်ခြင်း စသည့်လှုပ်ရှားမှုများကို ယခင် နှစ်များထက် ပိုမိုပြုလုပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့ကို ပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ဆောင်နေသည့် လူ ငယ်အဖွဲ့အစည်းများက ၂၀၁၂ မှစတင်၍ ဒေသ ၁၆ ခုတွင် လုပ် ဆောင်ခဲ့ပြီး ၂၀၁၃ တွင် ဒေသ ၅၇ ခု ပါဝင်လုပ်ဆောင်ခဲ့သည်။

7 Day Daily

No comments:

Post a Comment

My Blog List