Friday, June 13, 2014

အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ရေပန်းစားနေသည် ဟီလာရီကလင်တန်


အမေရိကန်နိုင်ငံမှာ ကောက်ခံခဲ့တဲ့စစ်တမ်းအရ ဒီမိုကရက်တစ်ပါတီ ထောက်ခံသူ(၇၀)ရာခိုင်နှုန်း နီးပါး ဟာ"ဟီလာရီကလင်တန်"ကို (၂၀၁၆)အမေရိကန်သမ္မတရာထူးအတွက် ၀င်ရောက်ယှဉ်စေလိုတယ်လို့ သိရပါတယ်။ 

ABC Newsသတင်းဌာနကပြုလုပ်တဲ့စစ်တမ်းအရ ဒီမိုကရက်တစ်ပါတီဝင်နဲ့ဒီမိုကရက်တစ် ဘက်တော်သား များရဲ့ (၆၉)ရာခိုင်နှုန်းဟာ"ဟီလာရီ ကလင်တန်"ကို ထောက်ခံခဲ့ပြီး(၁၂)ရာခိုင်နှုန်း ကသာ"ဂျိုးဘိုင်ဒန်"ကို ပါတီကိုယ်စားလှယ် အဖြစ်မဲပေးခဲ့တယ်လို့ သိရပါတယ်။


ကောက်ခံခဲ့တဲ့စစ်တမ်းအရ မဲပေးသူအားလုံးရဲ့(၅၉)ရာခိုင်နှုန်းဟာ အမေရိကန် အတွင်းဝန် အဖြစ်" ဟီလာရီကလင်တန်"ရဲ့ဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုခဲ့ကြပြီး (၃၄)ရာခိုင်နှုန်း ကတော့အသိ အမှတ်ပြုဖို့ ငြင်းဆိုခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံသား(၆၇)ရာခိုင်နှုန်းဟာ "ဟီလာရီကလင်တန်"ကို ခေါင်းဆောင်ကောင်း တစ်ယောက် အဖြစ်ထင်မြင်ကြောင်းပြောကြားခဲ့ပါတယ်။ 

ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖြစ်"ဟီလာရီကလင်တန်"နဲ့ ရီပတ်ဘလစ်ကန် ပါတီကိုယ်စားလှယ် အဖြစ်ကင်တက်ကီစီရင်စုက လွှတ်တော်အမတ် "ရန်ပေါလ်"တို့ကို ယှဉ်ပြိုင်ရွေးချယ်စေတဲ့အခါမှာလည်း (၅၃)ရာခိုင်နှုန်းဟာ "ကလင်တန်"ကိုသာရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 

ဒီနေ့မှာ "ဟီလာရီကလင်တန်"ရဲ့ အထ္ထုပတ်္တိကို လည်းဖြန့်ချိခဲ့ပြီး(၂၀၁၆)ခုနှစ် ရွေးကောက်ပွဲမှာ အမေရိကန်သမ္မတ ရာထူးကို"ဟီလာရီကလင်တန်" ရောက်ယှဉ်ပြိုင်မှာလားဆိုတာကို လည်းအားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

Source;Washington Post 
The Myanma Age

No comments:

Post a Comment

My Blog List