Wednesday, June 11, 2014

နစ်မြှုပ် ကိုရီးယားသင်္ဘော ကုမ္ပဏီပိုင်ရှင်ကို ရဲက ပိုက်စိတ်တိုက် ရှာဖွေ


လူ ၃၀၀ ကျော် သေဆုံးခဲ့ရတဲ့ သင်္ဘောနစ်မြှုပ်မှုနဲ့ ပတ်သက်လို့သင်္ဘောကုမ္ပဏီနဲ့ ပတ်သက်နေတဲ့ စီးပွားရေးသမားတဦးကို တောင်ကိုရီးယားရဲတပ်ဖွဲ့ အင်အား ၆ ထောင်ကျော်က ဘာသာရေးရပ်ကွက် အတွင်း ဒီနေ့ ပိုက်စိတ်တိုက် ရှာဖွေခဲ့ကြပါတယ်။

အလိုရှိနေတဲ့ စီးပွားရေးသမား ယိုဘောင်အန်းဟာ နစ်မြှုပ်သွားတဲ့သင်္ဘောကုမ္ပဏီကို ထူထောင်ခဲ့သူ ဖြစ်ပြီး သူ့သားတွေက လုပ်ငန်းကို ဦးစီးနေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက ယိုဘောင်အန်းကို အခုချိန်ထိ မဖမ်းနိုင်တာကို နားမလည်နိုင် အောင် ဖြစ်ရတယ်လို့ ဇွန် ၁၀ ရက်နေ့က ပြောခဲ့ပြီးနောက် ဒီနေ့မှာ သူ့ကို ဖမ်းဆီးဖို့ စစ်ဆင်ရေး စတင်တာ ဖြစ်ပါတယ်။ ယိုနဲ့ သူသားတွေကို ရဲတွေက ဖမ်းဆီးဖို့ ကြိုးစားနေတာ ၁ လနီးပါး ရှိနေပြီး ဖြစ်ပါတယ်။

သားတဦးက အမေရိကန်မှာ အခြေစိုက် နေထိုင်ပြီး သူတို့ သားအဖတွေဟာ တောင်ကိုရီးယားအစိုးရက လက်လှမ်းမမီနိုင်တဲ့နေရာကို ထွက်ပြေးလွတ်မြောက်သွားကြပြီဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။

တောင်ကိုရီးယား ယွန်ဟပ်သတင်းအရ စီးပွားရေးသမား ယိုဘောင်အန်းကို အကူအညီပေးတယ်လို့ သံသယရှိသူ လူ ၃ ယောက်ကို ရဲက ဖမ်းထားတယ်လို့ ဆိုပါတယ်။

သူ့ကို ဖမ်းနိုင်ဖို့ သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ သန်းတ၀က်နဲ့ ညီမျှတဲ့ ဆုငွေကို ပေးမယ်လို့ အာဏာပိုင်တွေက ကြေညာထားပါတယ်။

DVB

No comments:

Post a Comment

My Blog List