Monday, June 09, 2014

CIA facebook နဲ့ twitter စာမျက်နှာဖွင့်


အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA ဟာ လူမှုရေးကွန်ယက်ကို စတင်အသုံးပြုနေပြီဖြစ်ပြီး လူအများကလည်း သူတို့စာမျက်နှာမှာ ဝိုင်းပြီးမှတ်ပုံတင်ကြပါတယ်။ Twitter စာမျက်နှာက ပထမဆုံး သတင်းစကားမှာတော့ဒီစာကြောင်းက ကျနော်တို့ရဲ့ ပထမဆုံး Twitterသတင်းစကားပါဆိုတာအတည်ပြု လို့မရ ငြင်းဆိုလို့လည်းမရပါဘူးလို့ ရေးခဲ့ပြီးနာရီပိုင်းအတွင်းမှာပဲ အဲဒီစာကြောင်းကို သူများတွေကထပ် ဆင့်ဖြန့်ချီမှုပေါင်း ၇ သောင်းခွဲကျော် ရှိခဲ့ပါတယ်။

သူလျှိုလုပ်ငန်းတွေကို စိတ်ဝင်စားသူတွေအနေနဲ့ “ CIA နဲ့ ပတ်သတ်တဲ့နောက်ဆုံးဖြစ်ပေါ်ပြောင်းလဲမှုတွေ၊ အရင်က ဓာတ်ပုံဟောင်းတွေ၊ထောက်လှမ်းရေးသတင်းတွေအပေါ် သုံးသပ်ချက်တွေနဲ့ CIA ကမ္ဘာတလွှား
သိမှတ်ဖွယ်ရာတွေထဲက ရယ်စရာမောစရာ အချက်အလက်တွေကို ဖော်ပြမယ်လို့ CIA ကပြောထားတဲ့ သူတို့ရဲ့ စာမျက်နှာတွေကိုတော့Twitter @ CIA နဲ့ facebook တို့မှာ ကြည့်ရှုနိုင်ပါတယ်။ CIA မှာ အလုပ်လုပ်ချင်သူတွေအတွက်အလုပ်ခေါ်စာတွေကိုလည်း တင်ပေးမယ့်အပြင် CIA ပြတိုက်ကိုလည်း အစေ့တစောင်းကြည့်ရှုနိုင်ပါလိမ့်မယ်။ 

အဲဒီလို လူမှုရေးကွန်ယက်တွေကိုတိုးချဲ့အသုံးပြုလို့ CIA ဟာ အများပြည်သူနဲ့ပိုပြီးတိုက်ရိုက်ထိတွေ့ ဆက် ဆံနိုင်မယ် CIA ရဲ့သမိုင်း၊ သူ့ရဲ့လုပ်ငန်းတွေပြီးတော့ တခြားဖြစ်ပေါ်တိုးတက်မှုတွေကို တင်ပြနိုင်မယ်လို့ CIA ရဲ့ညွှန်ကြားရေးမှူး John Brennan က ပြောပါတယ်။

Source; AFP 
The Myanma Age

No comments:

Post a Comment

My Blog List