Wednesday, June 11, 2014

မေးမြန်းခွင့်ဆုံးရှုံးနေသဖြင့်မေးခွန်းတစ်ခုစီအတွက်မေးမြန်းချိန်နှင့် ဖြေကြားချိန် သုံးမိနစ်စီသတ်မှတ်ပြီးနည်းဥပဒေပြဋ္ဌာန်းပေးရန်ပြည်သူ့ လွှတ်တော်သို့တင်ပြ


လွှတ်တော်ကိုယ်စားလှယ်များ ၏မေးခွန်းမေးမြန်းသည့်အချိန် မလုံ လောက်ဘဲ မေးခွန်းမေးမြန်းခွင့် အခွင့် အရေးများ ဆုံးရှုံးနေရသဖြင့် မေးခွန်းတစ်ခုစီအတွက် မေးမြန်းချိန်သုံးမိနစ်နှင့် ဖြေကြားချိန်သုံး မိနစ် သတ်မှတ်ပြီး နည်းဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းပေးရန် ပြည်သူ့လွှတ်တော်အခွင့်အရေးကော်မတီမှ ဥက္ကဋ္ဌဒေါက်တာစိုးရင်က ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်ပြသည်။

ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်များ မေးခွန်းမေးမြန်းရာတွင်အချိန်ကို မျှတစွာအသုံးမပြုဘဲ မေးခွန်း များကို လိုအပ်သည်ထက် ရှည်လျားစွာမေးမြန်းနေခြင်းကြောင့် အခြားသောကိုယ်စားလှယ်များမှာ ထိုကဲ့သို့ အခွင့်အရေးဆုံးရှုံးနေရ ခြင်းဖြစ်သည်ဟု၎င်းကပြောသည်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းထားချက်အရ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားသည့် အချိန်ကို တစ်ရက်လျှင် တစ်နာရီသာသတ်မှတ်ထားသောကြောင့် အချိန်ပိုမေးမြန်းဖြေကြားရန် မဖြစ် နိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ယမန်နေ့ ကကျင်းပသည့်အစည်းအဝေး၌ပြော ကြားထားသည်။

ထိုကဲ့သို့ အခြေအနေကြောင့် ကိုယ်စားလှယ်တစ်ဦး၏ မေးခွန်းမေးမြန်းမှုနှင့်အစိုးရအဖွဲ့မှပြန်လည် ဖြေကြားချက်တို့ကို သုံးမိနစ်စီသာ ခွင့်ပြုပေးရေး ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေတွင်ထည့်သွင်း ပေးရန် လွှတ်တော်အခွင့်အရေး ကော်မတီက အကြံပြုတင်ပြထား ပြီးယင်းကိစ္စကိုအစိုးရအဖွဲ့သို့ အသိ ပေးတင်ပြသွားရန်လည်းကော်မတီ ဥက္ကဋ္ဌကထပ်လောင်းတင်ပြသည်။

ထို့ပြင် အစည်းအဝေး အစီအစဉ်တစ်ခုတွင် မေးခွန်းမေးမြန်း ချိန်တစ်နာရီအတွင်း မေးခွန်းရှစ်ခု မေးမြန်း ခွင့်ပြုရန်၊ မေးခွန်းမေးမြန်း သည့်အခါတွင် အချိန်သုံးမိနစ်အတွင်း ပြီးစီးရေးအတွက် လိုရင်း အချက်ကို ထိထိမိမိဖြင့် သံခိပ်အတို ချုပ်ရေးသားမေးမြန်းရန်၊ ယင်းမေး ခွန်းများကို လွှတ်တော်ကိုယ်စား လှယ်များထံ အစည်းအဝေးမစတင်မီ ကြိုတင်ဖြန့်ဝေထားရန်နှင့် မေးခွန်း နှင့်ဆက်စပ်၍ကျိုးကြောင်း ဖော်ပြ ချက်များရှိ ပါက မေးမြန်းချိန်သုံးမိနစ်အတွင်း လွှတ်တော်အစည်းအဝေးတွင် တင်ပြရန်မလိုဘဲ ယင်း အချက်များကို သီးခြားစာဖြင့်အပြည့် အစုံရေးသားဖော်ပြပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းသို့ တင်ပြ ရန်အတွက် လွှတ်တော်ရုံးသို့သီးခြား ပေးပို့ရန်တို့ကိုလည်း တင်ပြပြော ကြားခဲ့သည်။

အဆိုပါ တင်ပြချက်များကို လွှတ်တော်၏ဆန္ဒရယူပြီး ပြည်သူ့ လွှတ်တော်က မှတ်တမ်းတင်ခဲ့ သည်။

The Union Daily

No comments:

Post a Comment

My Blog List