အရှေ့အလယ်ပိုင်းက ပြည်သူတွေအားလုံး လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးကြဖို့ အစ္စရေး သမ္မတ ရှီမွန်ပဲရစ်နဲ့ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်တို့ကို ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း တောင်းဆိုလိုက် ပါတယ်။အစ္စရေးသမ္မတနဲ့ ပါလက်စတိုင်းသမ္မတတို့ဟာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့က ဗာတီကန်မှာ ကျင်းပတဲ့ ပုပ်ရဟန်း မင်းကြီးရဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲကို တက်ရောက်စဉ် ပုပ်ရဟန်းမင်းကြီးက အခုလို တိုက်တွန်းလိုက် တာပါ။
တကယ့်ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်ဖို့ဆိုရင် စစ်ပွဲတွေထက် သတ္တိတကယ်ရှိဖို့ လိုအပ်တယ်လို့လည်း ပုပ်ရဟန်း မင်းကြီးက ပြောဆိုပါတယ်။
အစ္စရေးသမ္မတ ရှီမွန်ပဲရစ်က နောင်လာမယ့် မျိုးဆက်သစ်တွေကို ငြိမ်းချမ်းရေးအမွေပေးဖို့ ကျနော်တို့ စွမ်းဆောင်နိုင်မှု အတွင်းမှာပဲ ရှိပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်ကတော့ အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ ငြိမ်းငြိမ်းချမ်းချမ်း အတူ တကွ ယှဉ်တွဲနေထိုင်နိုင်ဖို့ ဘုရားရှင်ဆီက ငြိမ်ချမ်းရေးကို တောင်းခံခဲ့ပါတယ်။
သမ္မတ ၂ ဦး ၁ နှစ်ကျော်အတွင်း ဗာတီကန်မှာ ပထမဆုံး ပြန်ဆုံတွေ့ကြတာဖြစ်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရပ်ဆိုင်းပြီး ၁ လအကြာ ပါလက်စတိုင်း ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့ပြီး ၁ ပတ်အကြာမှာ တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။
အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ဂျူးအခြေချနေထိုင်မှုအသစ်တွေအတွက် ပြီးခဲ့တဲ့တပတ်က အစ္စရေး အစိုးရက ခွင့်ပြုခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ ဘာသာပေါင်းစုံဥယျာဉ်ထဲမှာ ကျင်းပခဲ့တဲ့ ဆုတောင်းပွဲကို ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
DVB
No comments:
Post a Comment