Sunday, June 08, 2014

ရွေးကောက်ပွဲဝင်မည့် အန်အယ်ဒီကိုယ်စားလှယ်ကို ဘုတ်အဖွဲ့နှင့် ရွေးမည်


လာမယ့်ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ ဘုတ်အဖွဲ့ဖွဲ့ပြီး ရွေးချယ်သွားဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။

ဇွန်လ ၇ ရက်နဲ့ ၈ ရက်တို့မှာ ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်၊ ဒို့ရိုးရာ ခန်းမမှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂၀၁၄ ခုနှစ် ပထမအကြိမ် ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေး နေ ဆုံးဖြတ်ချက် ၅ ခု ချမှတ်နိုင်ခဲ့တယ်လို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့် က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်စည်းဝေးတွေကို တနှစ်နှစ်ကြိမ် ကျင်းပနေတာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List