Monday, June 09, 2014

မကျွတ်လွတ်သေးသည့်ပုဂ္ဂိုလ်များ ကို အကျွတ်အလွတ်ပွဲပြုလုပ်ပေးရန် နတ်စင်တစ်ရာ ဆရာတော်က ကားနှစ်စီးဖြင့် အမြန်လမ်းမှ ဆရာတော့်ကျောင်းသို့ ခေါ်ဆောင်ခဲ့


ရန်ကုန်၊ ဇွန် ၈- ရန်ကုန်-နေပြည် တော်-မန္တလေးအမြန်လမ်းမကြီး ပေါ်ရှိ ယာဉ်မတော်တဆမှုများ ကြောင့် မကျွတ်မ လွတ်သေးသည့် အပရလောကမှ ပုဂ္ဂိုလ်များကို အကျွတ်အလွတ် ပွဲပြုလုပ်ပေး နိုင်ရန် ဆယ်ပေ၊ ဆယ့်လေးပေကားနှစ်စီး ဖြင့် သန်လျင်၊ နတ်စင်တစ်ရာကျောင်း သို့အမြန်လမ်းမှ ခေါ်ဆောင်လာခဲ့ ကြောင်း သိရသည်။

အဆိုပါလမ်းပေါ်ရှိ မကျွတ်မ လွတ်နိုင်သေးသူများကို နတ်စင်တစ်ရာ ဆရာတော်က''အမြန်လမ်းပေါ်က အပရလောက သားတွေ ၊ မြင်အပ်၊ မမြင်အပ်ပုဂ္ဂိုလ်တွေ အသင့်ပါလာတဲ့ ကားပေါ်ကို တက်ရောက်ကြ ပါ''ဟု ၁ဝပေကားတစ်စီးနှင့် ၁၄ ပေ ကား တစ်စီး တို့ဖြင့် အဆိုပါ ပုဂ္ဂိုလ်များကို သန်လျင်မြို့ရှိ နတ်စင် တစ်ရာကျောင်း တိုက်သို့ခေါ်ဆောင်လာခဲ့သည်။

အမြန်လမ်းပေါ်ရှိ မကျွတ်မလွတ် နိုင်သေးသူများကို ရန်ကုန်တိုင်း ဒေသကြီး၊ သံလျင်မြို့နယ်ရှိနတ်စင် တစ်ရာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဦးပညာတေဇက ဦးဆောင်၍ ဇွန် ရ ရက်နှင့် ၈ ရက်တို့က အမြန် လမ်းသို့သွားရောက်ခေါ်ဆောင် လာခဲ့ခြင်းဖြစ်ပြီး အကျွတ်အလွတ် ပွဲတော်ကို ဇွန် ၁၅ ရက်တွင် နတ်စင် တစ်ရာ ကျောင်းတိုက်အတွင်း၌ပြု လုပ်သွား မည်ဖြစ်ကြောင်း ယင်း ကျောင်း တိုက်ဆရာတော်ကမိန့်သည်။

''အဓိကတော့ အမြန်လမ်းပေါ် မှာ မကျွတ်မလွတ်သူတွေပပျောက် သွားဖို့အခုလိုစီစဉ်ရတာ။ အမြန်လမ်း ပေါ် နောက်ထပ်ဒီလိုမတော်တဆ မှုတွေမဖြစ်အောင်အတွက်ပေါ့''ဟု ဆရာတော် က မိန့်သည်။

အဆိုပါ အမြန်လမ်းမပေါ်တွင် ယာဉ်မတော်တဆမှုများကြောင့် သေဆုံးခဲ့ကြပြီးနောက် မကျွတ်မ လွတ်ဘဲကျန်နေသူများ ပပျောက် စေရန်နှင့် ပြည်သူလူထုအန္တရာယ် ကင်းစေရန်အတွက် နတ်စင် တစ်ရာ ကျောင်းတိုက် ဆရာတော်ဦးဆောင် သည့် သံဃာတော်များက ဇွန် ၇ ရက်နှင့် ၈ ရက်တို့က အမြန်လမ်း မကြီးပေါ်ကြွရောက်ကာ အန္တရာယ် ကင်းပရိတ်တရားတော်များနှင့် အသံ မစဲပဋ္ဌာန်း တရားတော်များကို အမြန် လမ်းတစ်လျှောက်အစုန်အဆန်ရွတ် ဖတ်ခဲ့ကြသည်။

ယင်းအပြင် အမြန်လမ်းပေါ်ရှိ ယာဉ်မတော်တဆမှုများကြောင့် လူသေဆုံးမှုဖြစ်ပွားခဲ့သည့်နေရာ များတွင် ဇွန် ၇ ရက်၊ ညက ဆရာ တော်၊ သံဃာတော်များစီးနင်း လိုက်ပါလာသည့် ယာဉ်တန်း များရပ် နားကာ အဆိုပါနေရာများရှိမကျွတ် မလွတ်နိုင်သေး သူများကို ဆရာတော်၊ သံဃာတော်များက အစာရေစာများ ကျွေးမွေးပြီး ကမ္မဝါစာများရွတ်ဖတ်ခဲ့ ကြသည်။

အဆိုပါ နေရာများအနက် တစ်ခုအပါအဝင်ဖြစ်သည့် မေလအတွင်း ရာဇာမင်းခရီးသည်တင် အမြန်ယာဉ် တိမ်းမှောက် ခဲ့မှု ကြောင့် လူ ၁၄ ဦးသေဆုံးခဲ့သော အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၇/၆ မိုင်တိုင် တွင် ဇွန် ရ ရက်၊ ညက နတ်စင်တစ်ရာ ဆရာတော်အပါအဝင် ဆရာတော် ငါးပါးက ကမ္မဝါစာများရွတ်ဖတ်ပြီး အပရလောကသားများကို ထမင်းနှင့် ကြက်သားဟင်းထည့်ထားသည့် ဖော့ ဘူးကိုးဘူးနှင့်ရေသန့်ဘူး (အသေး) ၉ ဘူးတို့အား အခင်းဖြစ်ပွားရာနေရာတွင်ကျွေးမွေးခဲ့ကြသည်။

ဇွန်လ ၁၅ ရက်တွင် နတ်စင် တစ်ရာကျောင်းတိုက်ဆရာတော် ဦးဆောင်မှုဖြင့်ပြုလုပ်မည့် အဆိုပါ အကျွတ် အလွတ်ပွဲဖြစ်မြောက်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး နှင့်ဇနီး အပါ အဝင် အလှူရှင်များကထောက် ပံ့ကူညီပေးထားခြင်းဖြစ်ပြီး အဆိုပါ အကျွတ်အလွတ်ပွဲသို့ ဦးဌေးဦးကိုယ်တိုင် တက်ရောက်မည်ဖြစ်ကြောင်း ဦးဌေးဦး က အတည်ပြုပြော သည်။

ယခုကဲ့သို့ အကျွတ်အလွတ်ပွဲကိုပြုလုပ်ပြီးပါက ယာဉ်မတော်တဆမှုများကြောင့် လူပေါင်းရာချီသေဆုံး ခဲ့ပြီးဖြစ်သော အဆိုပါအမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆဖြစ်ပွားမှု ယခင်ကထက်နည်းပါးသွားမည် ဖြစ်ကြောင်း နတ်စင်တစ်ရာကျောင်းတိုက်ဆရာ တော်က မိန့်သည်။

MYK [--Democracy today Daily Newspaper--]

No comments:

Post a Comment

My Blog List