Thursday, June 12, 2014

မကွေးလေတပ်စခန်းမှ တိုက်လေယာဉ်တစ်စင်း ပျက်ကျ



မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် နင်းကြမ်းရွာအရှေ့ဘက်နှင့် ယောင်းမငရွာ အနောက်တောင်ဘက်တွင် မြန်မာ့ တပ်မတော် (လေ) မှ M 29 တိုက်လေယာဉ်တစ်စင်း ဇွန်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲခန့်၌ ပျက်ကျသွားကြောင်း ဒေသခံများက ပြောကြားသည်။
ယင်းတိုက်လေယာဉ်မှာ မကွေးလေတပ်စခန်းမှ ဒုတိယဗိုလ်မှူးကြီး လှိုင်မြင့်နှင့် ဗိုလ်ကြီးကျော်ဇင်သန့်တို့ လေ့ကျင့်ဆောင် ရွက်စဉ် လေယာဉ်မီးလောင်၍ ပျက်ကျခြင်း ဖြစ်ကြောင်း ယင်းလေတပ်စခန်းမှ ဗိုလ်မှူးအဆင့်ရှိ အရာရှိတစ်ဦးက The Voice ကို အတည်ပြု ပြောကြားသည်။

“ဘယ်လိုဖြစ်လို့ ပျက်ကျတာလည်း သေချာမသိဘူး။ Pilot နှစ်ယောက်ကတော့ ဘာမှ မဖြစ်ဘူးခင်ဗျ။ Pilot နှစ်ယောက် ကတော့ အသက်ရှင်တယ်။ နာမည်တွေတော့ သေချာမသိပါဘူး။ ဘာမှမဖြစ်ပါဘူး၊ ဒါက Training လုပ်နေတဲ့ ကိစ္စလေ” ဟု ၎င်းကဆိုသည်။

နံနက် ၈ နာရီခွဲခန့်တွင် လေယာဉ်ကြီးတစ်စင်း တိမ်တောင်ထဲမှ ထိုးတက်လာပြီး မြေပြင်ဘက်သို့ ထိုးဆင်းကာ ဝုန်းဆိုသော ပေါက်ကွဲသံနှင့်အတူ မီးခိုးလုံးကြီးများ တက်လာသည်ကို မြင်လိုက်ရကြောင်း နင်းကြမ်းရွာမှ ဒေသခံ အဘိုးအိုတစ်ဦးက ပြောကြားသည်။

ဒေသခံတချို့က ပေါက်ကွဲသံ ကြားရသဖြင့် ပြေးကြည့်ရာ လေယာဉ်မှာ တစ်စင်းလုံး ပျက်စီးသွားပြီး လေယာဉ် ပျက်စီး သွားသော အရာကွက် တချို့နှင့် လေယာဉ် အပိုင်းအစ တချို့ကိုသာ တွေ့ရကြောင်း၊ လေယာဉ် ပျက်ကျသော နေရာတွင် လူနေအိမ်ခြေ မရှိသဖြင့် ထိခိုက်မိသူများ မရှိကြောင်း တိုက်လေယာဉ် ပျက်ကျသော ယာကွင်းပြင်နှင့် တစ်ဖာလုံခွဲခန့် ဝေးသည့် နင်းကြမ်းရွာမှ ရွာသူရွာသားများက ပြောပြသည်။

တိုက်လေယာဉ် ပျက်ကျသော နေရာကို လေတပ်၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက လုံခြုံရေးယူထားပြီး လေယာဉ် ပျက်ကျသောနေရာ အဝန်းအဝိုင်း အတွင်းသို့ လူဝင်လူထွက်ခွင့် မပြုတော့ကြောင်း၊ ဓာတ်ပုံရိုက်သူ များကိုလည်း ဓာတ်ပုံရိုက်ခွင့်မပြုကြောင်း၊ သတင်းသမားများ၏ မေးမြန်းချက်ကိုလည်း တစ်ဦးတစ်ယောက်ကမျှ ပြန်လည်ဖြေကြားခြင်း မရှိကြောင်း သတင်းထောက်တစ်ဦးက ထုတ်ဖော် ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List