Friday, June 13, 2014

သမ္မတဟောင်း မူရှာရက်(ဖ်) ပြည်ပ ထွက်ခွါဖို့ ပါကစ္စတန် တရားရုံး ခွင့်ပြု



နိုင်ငံတော် သစ္စာဖေါက်မှုနဲ့ တရားစွဲဆိုခံနေရတဲ့ အရင်စစ်ခေါင်းဆောင်ဟောင်းPervez Musharraf အပေါ် နိုင်ငံတော် အစိုးရ ချမှတ်ထားတဲ့ ခရီးသွားလာခွင့်ပိတ်ပင်မှုကို ရုတ်သိမ်းပေးဖို့ ပါကစ္စတန် တရားရုံးကအမိန့်ချမှတ်လိုက် ပါတယ်။
ပြည်ပထွက်ခွာခွင့် တားမြစ်ထားတဲ့စာရင်းထဲကနေသူ့နာမည်ကို ဖယ်ရှားပေးဖို့ မစ္စတာမူရှာရတ်(ဖ်)ရဲ့ ပန်ကြားချက်ကို တရားရုံးက ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တရားရုံးက အမိန့်ချမှတ်ပြီးလုပ်ဆောင်ခွင့်မရှိသေးတဲ့ ၁၅ ရက်အတွင်းမှာ အစိုးရဘက်ကပြန်လည်လျှောက်ထားခွင့်ရှိနေပါတယ်။ 

မစ္စတာ မူရှာရတ်(ဖ်)ကို မတ်လထဲမှာနိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲ ဆိုခဲ့တာဖြစ်ပြီး အခု Dubai မှာ နေတဲ့သူ့မိခင် မကျန်းမမာ ဖြစ်နေတာကို သွားကြည့်ချင်တယ်လို့ မစ္စတာမူရှာရတ်(ဖ်)က ပြောပါတယ်။ 

သူ့ရဲ့သမ္မတသက်တမ်း ဆက်နိုင်ဖို့အတွက် ၂၀၀၇ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ္တဆိုင်းငံ့ထားဖို့ဆုံးဖြတ် ခဲ့တာနဲ့ နိုင်ငံတော် အရေးပေါ်အခြေနေ ကြေညာခဲ့တာအပါအဝင်မစ္စတာမူရှာရတ်(ဖ်)ရဲ့ လုပ်ရပ်တွေနဲ့ ဆက်နွယ်ပြီး အခုလိုတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ 

အခုစွဲဆိုထားတဲ့ ပြစ်မှုကိုကျူးလွန်ကြောင်းထင်ရှားရင်တော့ အသက် ၇၀ ရှိပြီဖြစ်တဲ့ မစ္စတာ မူရှာရတ်ဖ်ဟာသေဒဏ် ကျခံရဖွယ် ရှိပါတယ်။

Source; Reuters
The Myanma Age

No comments:

Post a Comment

My Blog List