Friday, June 13, 2014

ကူးတို့ရေယာဉ် နစ်မြုပ်မှုနှင့်ဆက်နွယ်ပြီး တောင်ကိုရီးယားအစိုးရ ပြောင်းလဲဖွဲ့စည်း


ကူးတို့ရေယာဉ် နစ်မြုပ်မှုနှင့် စပ်လျဉ်း၍ ပြည်သူများ၏ ဝေဖန်မှုများစွာ ကြုံခဲ့ရသည့်နောက် တောင်ကိုရီးယား သမ္မတ ပက်ခ်ရှင်ဟီး အနေဖြင့် အစိုးရအဖွဲ့ကို အပြောင်းအလဲများဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ဇွန် ၁၃ ရက်တွင် ပက်ခ်က သူမ၏ အစိုးရအဖွဲ့သစ်ကို ကြေညာခဲ့ရာ ဝန်ကြီး(၇)ဦးကို အပြောင်းအလဲ ပြုလုပ်ထားသည်ကို တွေ့ရှိရသည်။ 

ဧပြီလက ဖြစ်ပွားခဲ့သည့် ကူးတို့ရေယာဉ် နစ်မြုပ်မှုတွင် အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်မှု ညံ့ဖျင်းအားနည်း လွန်းကြောင်း ဝေဖန်ပြစ်တင်မှုများ ကြုံခဲ့ရသည့်နောက် ပက်ခ်အနေဖြင့် အစိုးရအဖွဲ့ကို မဖြစ်မနေ ပြုပြင်ပြောင်းလဲရန် ဖိအားပေး ခံလာရသည်။

တောင်ကိုရီးယား အစိုးရအဖွဲ့ ပြောင်းလဲမှုများတွင် အထင်ရှားဆုံးမှာ အာဏာရပါတီမှ အမတ်တစ်ဦးဖြစ် သော ချွိုင်ကျွမ်ဟွမ်က ဟွမ်အိုဆွတ်ခ်အစား ဘဏ္ဍာရေး ဝန်ကြီးအဖြစ် တာဝန်လွှဲပြောင်း ယူလိုက်ခြင်း ဖြစ်သည်။

ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ဥပဒေ ဘာသာရပ် ပါမောက္ခ ချောင်ဂျွန်ဆပ်ကမူ လုံခြုံရေးနှင့် ပြည့်သူ့ရေးရာ ဝန်ကြီးဌာန၏ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည်။ ယင်းဌာနသည် ကလေးငယ် အများစု အပါအဝင် လူပေါင်း(၃၀၀)မျှ သေဆုံးခဲ့သည့် Sewol ကူးတို့ရေယာဉ် နစ်မြုပ်မှုကြီးနှင့် ပတ်သက်၍ နောက်ဆက်တွဲ အရေးယူ ဆောင်ရွက်မှုများကို ကိုင်တွယ်သွားမည် ဖြစ်သည်။

Sewol ကူးတို့ရေယာဉ် နစ်မြုပ်မှုကြောင့် အသက်ဆုံးရှုံးမှုများမှာ သင်္ဘောဝန်ထမ်းများ၏ တာဝန်ပျက်ကွက် မှုကြောင့်ဟု ယူဆနိုင်သော်လည်း အစိုးရ၏ တုံ့ပြန်ပုံ နှေးကွေးလျော့ရဲမှုများနှင့်လည်း ဆက်စပ်မှု ရှိနေ သဖြင့် ပြည်သူများ၏ အမျက်ဒေါသနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

သမ္မတ ပက်ခ်သည် အဆိုပါဖြစ်ရပ်တွင် တာဝန်ယူ ဆောင်ရွက်မှုပိုင်း အားနည်းညံ့ဖျင်းခဲ့သည့် ကမ်းခြေ စောင့် တပ်ဖွဲ့ကိုလည်း ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။ အစိုးရ ပြောင်းလဲဖွဲ့စည်းမှုတွင် သမ္မသည် ပြည်တွင်း ထောက်လှမ်းရေး အေဂျင်စီဖြစ်သည့် အမျိုးသား ထောက်လှမ်းရေးဌာနအတွက် ညွှန်ကြားရေးမှူးအသစ် တစ်ဦးကိုလည်း ခန့်အပ်သွားခဲ့သည်။

Ref; Channelnewsasia

No comments:

Post a Comment

My Blog List