Monday, June 09, 2014

စားကျက်မြေကိစ္စ နှစ်ဦးနှစ်ဖက် ဆိုးရွားသည့် ပဋိပက္ခဖြစ်လာနိုင် သည်ဟု ဒေသခံများဆို





ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲ ကျုံကနပ် စားကျက်မြေကိစ္စနှင့်ပတ်သက်၍ ယခုလက်ရှိ လယ်ယာမြေ လုပ်ကိုင်နေ သူများနှင့်ဒီရေကာတော ပြန်လည်စိုက်ပျိုးသူများအကြား၊ နှစ်ဦးနှစ်ဖက်ပဋိပက္ခများ ပိုမိုဆိုး ရွားစွာ ဖြစ်ပေါ်လာနိုင်ကြောင်း ယင်းဒေသခံများပြောပြချက်အရ သိရှိရသည်။

မေလ ၁၂ ရက်နေ့မှ စတင်ကာ ဒီရေကာတောများ စိုက်ပျိုးနေကြပြီး လက်ရှိအချိန်အထိ ဒီရေကာတော ဧက၁,၁၀၀ကျော်တွင်အပင်ပေါင်း၉၀,၀၀၀ကျော် စိုက်ပျိုးခဲ့ရာ ဒီရေကာတောများ ပြန်လည်စိုက်ပျိုးသူ ဒေသခံများနှင့် လက်ရှိလယ်မြေလုပ်ကိုင်နေသူဒေသခံများ ထိပ်တိုက်တွေ့ဆုံမှု သုံးကြိမ်တိုင် ရှိခဲ့ပြီဖြစ်သည် ဟု ညောင်လိန်ကုန်း ကျေးရွာမှ ဒီရေကာတော ပြန်လည်စိုက်ပျိုးရာတွင်ပါဝင်သူ ဒေါ်ခင်ဌးမှ ပြောသည်။

ဇွန်လ(၃)ရက်နေ့တွင် စိုက်ပျိုးထားသည့် ဒီရေကာတောအပင်များကိုလည်း လုံခြုံရေးဝန်ထမ်း(၇၀)ဖြင့် လက်ရှိ လယ်လယမြေလုပ်ပိုင်ခွင့်ရထားသူများမှ လယ်ယာမြေထွန်းယက်စိုက်ပျိုးရန် လက်တွန်း ထွန်စက် များနှင့် ဖယ်ရှား ဖျက်စီးခဲ့သည်ဟု ဒီရေကာတောပြန်လည် စိုက်ပျိုးထားသည့် ဒေသခံများမှ ပြောသည်။

ဧပြီလ(၈)ရက်နေ့၊ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်မှ တိုင်းဒေသကြီးအစိုးရရုံးတွင် ဒီရေကာတောများ ပြန်လည်စိုက်ပျိုးရန်နှုတ်ဖြင့်ပြောကြားခဲ့ကြောင်းလည်း သိရှိရသည်။

ပဋိပက္ခကတော့ ဖြစ်နေပြီ၊သွေးထွက်သံယို မဖြစ်တာပဲရှိတယ်။ကျွန်မတို့ကလည်း ဒီရေကာတော မရှိလို့ နာဂစ်တုန်းကလည်း ခံစားခဲ့ရပြီး၊သက်ဆိုင်ရာတွေကလည်းဒီရေကာတောတွေ ပြန်လည် စိုက်ပျိုးသင့်တယ် ပြောထားပြီ ။ဒါကို  နှစ်ဖက် ပဋိပက္ခပိုမို ဖြစ်စေအောင်သက်ဆိုင်ရာက တစ်ဖက်ကိုကာကွယ်ပေးနေတယ်။ ကြာလာရင်တော့ အခြေနေတွေတော်တော်ဆိုးတော့မှာ။ ဒါ့ကြောင့် သွေးထွက်သံယိုတွေမဖြစ်ခင် နှစ်ဘက်ပြေလည်စေချင်တယ်။ ဇွန်လ(၃)ရက်နေ့ကဆို သက်ဆိုင်ရာက ပစ်မိန့်တွေတောင်ထုတ်တယ်´ဟု ဒီရေကာတောပြန်လည်စိုက်ပျိုးရာတွင် ပါဝင်သူ မစိုးစိုးက ပြောသည်။

လင်းလင်း
The Myanmar Age

No comments:

Post a Comment

My Blog List