Monday, June 08, 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ယနေ့လွှဲပြောင်းပေးမည်


မောင်တောပင်လယ်ရေ ပြင်ပိုင်နက်တွင် ဖမ်းမိခဲ့သည့် ဘင်္ဂါလီ ၂၀၀ အနက် စိစစ်ပြီးသား ၁၅၀ ကို နှစ်နိုင်ငံအလံတင်အခမ်း အနားပြုလုပ်၍ ယနေ့(ဇွန်လ ၈ ရက်)တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ် ကြောင်း သတင်းရ ရှိသည်။

မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ မြန်မာ-ဘင်္ဂလား ဒေ့ရှ်ချစ်ကြည် ရေးတံတားအနီးတွင် ဇွန်လ ၈ရက် နံနက် ၁၁ နာရီ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ ဘဇားအခြေစိုက် နယ်ခြားစောင့် တပ်ရင်းမှူးထံ တရားဝင်လွှဲ ပြောင်းရန် စီစဉ်ထားကြောင်း ရ ခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောကြားသည်။

‘‘ကျွန်တော်တို့ဘက်ကသူတို့ ဘက်ကိုဒီစာရင်းကို ပေးလိုက်တဲ့ အခါမှာ သူတို့ဘက်ကနေပေးတဲ့ လိပ်စာတွေနဲ့ မှန်/မမှန်ပြန်စိစစ် တာပေါ့။ နေရပ်လိပ်စာတွေ၊ ဖုန်း နံပါတ်တွေ၊ စိစစ်ပြီး မှန်တဲ့အခါ မှာ ဟိုဘက်ကို ပြန်လွှဲတော့မှာပါ’’ ဟု ရခိုင်ပြည်နယ် လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးကပြောကြားသည်။

ကျန်ဘင်္ဂါလီ ၅၀ ဦးကို စစ် တွေမြို့မှ ဘင်္ဂလားဒေ့ရှ်ကောင် စစ်ဝန် ကိုယ်တိုင်စစ်ဆေးနေ ကြောင်း သတင်းရရှိသည်။ ၎င်း တို့ကို လူကုန်ကူးခဲ့သည့် စက်လှေ ပိုင်ရှင် ထိုင်းနိုင်ငံသားနှင့်အတူ အမှုတွင် ပါဝင်ပတ်သက်နေသူ လေးဦးအား စစ်တွေထောင်တွင် ထိန်းသိမ်း၍ စစ်ဆေးနေသည်။

မြန်မာ့ပင်လယ်ပြင်ပိုင်နက် တွင် ဒုတိယအကြိမ်ဖမ်းမိခဲ့သည့် ဘင်္ဂါလီ ၇၀၀ ကျော်၌ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ၅၄၆ ဦးပါဝင်ပြီး မြန်မာနိုင်ငံဘက်မှ ဘင်္ဂါလီ ၁၈၇ ဦးဖြစ်ကာ အဆိုပါ ၁၈၇ ဦးတွင် အမျိုးသား ၁၁၀ ဦးနှင့် အမျိုးသမီး ၇၇ ဦးဖြစ်ကြောင်းသတင်းရရှိ သည်။

မြန်မာ့ပင်လယ်ပြင်ရေပိုင် နက်မှ ဖမ်းမိခဲ့ပြီး ရခိုင်ပြည်နယ်တွင် ခေတ္တထိန်း သိမ်းပေးထား ကာ အစိုးရက စိစစ်နေဆဲဖြစ် သည့် ဘင်္ဂါလီ ၉၀၀ ကျော်အ တွက် ပြည်ထောင်စုအစိုးရကို ကန့်ကွက်ရန် ရခိုင်တိုင်းရင်းသား အင်အားစု များက ပြင်ဆင်နေပြီး ဇွန်လ ၁၄ ရက်တွင် ရခိုင်ပြည်နယ် တစ်ခုလုံးအတိုင်း အတာဖြင့် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

လှေစီးဒုက္ခသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို တွေ့ရစဉ် (ဓာတ်ပုံ − MOI)
7Day News Journal

No comments:

Post a Comment

My Blog List