Monday, June 08, 2015

အဆင့်မြင့် ပညာရေးလိုချင်လျှင် ဒီချုပ်ကို မဲပေးရန် တက္ကသိုလ်ကျောင်းသားများအား ဒေါ်အောင်ဆန်းစုကြည်ပြော


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအဆင့် မြင့်စံချိန်စံနှုန်းအရ အဆင့်မြင့်ပညာရေးလိုချင်ပါက ၎င်း၏ပါတီကိုမဲ ပေးကြရန် တက္ကသိုလ်ကျောင်း သားများအား ပြောကြားလိုက် ကြောင်း သတင်းရရှိသည်။ဇွန်လ ၇ ရက်က ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ် တွင်အဆင့်မြင့် ပညာရေးဥပဒေ နှင့်ပတ်သက်၍ ရန်ကုန်၊ မန္တ လေးအပါအ၀င် မြို့နယ်ပေါင်း ၁၈ မြို့နယ် တက္ကသိုလ် ၁၅ ခုမှ ကျောင်းသား၊ကျောင်းသူ ၆၂ ဦး အား ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

‘‘ဒီမိုကရေစီအဆင့်မြင့်စံချိန် စံနှုန်းအရ ပညာရေးအဆင့်မီချင် တယ်ဆိုရင် သူ့ပါတီကိုမဲပေးပါ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတယ်။

ကျောင်းသား တွေက စပြောတာပါ။ ဒေါ်စုပါတီ ကိုပဲ မဲပေးမှာပါလို့’’ အဆင့်မြင့် ပညာရေးဥပဒေနှင့်ပတ်သက်၍ တက်ရောက် ဆွေးနွေးသော ချောက်နည်းပညာတက္ကသိုလ်မှ ကိုသက်မှူးလွင်က ပြောကြား သည်။

‘‘အဲဒီလိုပြောသွားတယ်။ အ ခုလက်ရှိအနေအထားက ဒီမိုက ရေစီရဖို့က အရေးကြီးပါတယ်တဲ့။ သူ့ပါတီကိုမဲပေးမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမယ်။ ဒီမိုကရေစီ ကိုရမယ်လို့ပြောသွားတယ်။ အ ရင်ဆုံး အရေးကြီးတာက ဒီမိုက ရေစီရဖို့အရေးကြီးပါတယ်တဲ့။ အဲဒါကြောင့် သူ့ပါတီကိုမဲပေးပါ လို့ ပြောသွားတယ်’’ဟု ရွှေဘို ခရိုင်ဗကသကျောင်းသားများအ ဖွဲ့ချုပ်မှ ကိုဝသန်က ပြောကြား သည်။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပညာရေးဥပဒေနှင့်အဆင့်မြင့် ပညာရေးဥပဒေတို့ ဆွေး နွေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆ ရာ၊ ဆရာမများအဖွဲ့ချုပ်နှင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသား များကိုခေါ်ယူ၍ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့ နေအိမ်၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြီးနောက် ကျောင်းသားကျောင်းသူများ ပြန်ထွက်လာစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day News Journal



No comments:

Post a Comment

My Blog List