Friday, May 30, 2014

ပုဒ်မ၄၃၆ ပြင်ဆင်ရေးအတွက် ကဗျာဆရာများ စုပေါင်းလက်မှတ်ရေးထိုး






ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ကဗျာဆရာများစုပေါင်း၍ အမှတ်(၂၆၈) ပထမ ထပ် ပန်းဆိုးတန်းလမ်း(အထက်)တွင် ယနေ့ညနေက ဆန္ဒထုတ်ဖေါ်လက်မှတ်ရေးထိုးခဲ့ကြသည်။

တက်ရောက် လက်မှတ်ရေးထိုးရခြင်းနှင့်ပတ်သတ်ပြီး ကဗျာဆရာမောင်စိမ်းနီက“ကဗျာဆရာတွေကလည်း ပြည်သူတွေနဲ့အတူတူ အမြဲတမ်းရှိတယ်ဆိုတာပြတာပါ၊ အမှန်တရားအတွက် ပြည်သူတွေဘက်ကရပ်တည် သွားမှာပါ၊ 

ကျွန်တော့်သဘောကတော့အသစ်ရေးဆွဲချင်တာပါ ဒါပေမယ့် အများဆန္ဒဆိုတော့ ကျွန်တော်လည်း လက်မှတ်ရေးထိုးရတာပါ”ဟုပြောသည်။

ကဗျာဆရာများကို အွန်လိုင်းမှ အကြောင်းကြာထားပြီး နယ်မှ ရန်ကုန်ရောက်ကဗျာဆရာများလည်း တက်ရောက်လက်မှတ်ရေးထိုးကြောင်းသိရသည်။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေက စစ်အစိုးရလက်ထက်မှာရေးဆွဲခဲ့တဲ့အတွက် အာဏာရှင်ကို အကာအကွယ် ပေးနိုင်အောင်နဲ့သူတို့အာဏာသက်တမ်းရှည်အောင် ရေးဆွဲထားတာ ပြည်သူ့အကျိုးအတွက် မပါဘူးလို့ ကျွန်တော်ထင်တယ် ပြင်ဆင်စရာကတော့အများကြီးပေါ့ အဓိက (၄၃၆) ကိုပြင်နိုင်မှ ကျန်တာပြင် ဖို့လွယ်ကူမှာပါ အဲ့ဒီအတွက် ကျွန်တော်တို့လက်မှတ်ရေးထိုးရခြင်းဖြစ်ပါတယ်”ဟု ကဗျာဆရာသစ္စာနီက ပြောသည်။

ရန်ကုန်မြို့ရှိ ကာတွန်းဆရာများမှလည်း အခြေခံဥပဒေပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးပွဲကိုအမှတ် ၁၇၆၊ ၃၅လမ်း(အလယ်) တွင် ကဗျာဆရာများလက်မှတ်ရေးထိုးပွဲနှင့်တစ်ချိန်တည်းကျင်းပခဲ့သည်။

ချမ်းမင်းဟန်
The Myanmar Age

No comments:

Post a Comment

My Blog List