Monday, June 02, 2014

ဖွဲ့စည်းပုံဥပဒေ မပြင်ဖို့ ပြောတာတွေ နားမယောင်နဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ပြော


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မယ်ဆိုရင် နိုင်ငံမှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြောဆိုနေတာကို နားမယောင်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။ နေပြည်တော် ပျဉ်းမနားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို မလိုလားလို့ ဒါ့ထက် ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စတွေ ရှိတယ် ဆိုပြီးတော့ပြောကြပါစေ၊ ဥပမာဆိုပါစို့ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အရေး ပါကြောင်း ကျမတို့ သိပါတယ်၊ နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းရေးမရှိပဲနဲ့ သာယာမှုမရှိနိုင်ဘူး၊ တိုးတက်မှု မရှိနိုင်ဘူး ဒါကျမတို့ သဘောပေါက်တယ် ပြည်တွင်းငြိမ်းချမ်းရေး ရှိဖို့ကို ကျမတို့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ပြုပြင်ပြောင်းလဲဖို့လိုတယ်ဆိုတာ ကျမတို့ပြည်သူလူထုကို သိစေချင်ပါတယ် ဒါကြောင့် နားမယောင်ပါနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲလို့ရှိရင် ဒီနိုင်ငံမှာမတည်ငြိမ်မှုတွေရှိမယ်လို့ ပြောတဲ့ လူတွေ ကိုလည်း နားမယောင်ပါနဲ့ အဲ့ဒီလို ပြောတဲ့ပုဂ္ဂိုလ်များဟာ တကယ်တော့ မတည်ငြိမ်အောင် လုပ်ချင် လို့ပြောနေတာပဲ ဆိုတာ သေသေချာချာမှတ်ထားကြ"

ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပျဉ်းမနား၊ လယ်ဝေး နဲ့ တပ်ကုန်းမြို့ တွေမှာ ပြင်ဆင်ရေးအတွက် ထောက်ခံ ကြတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံဟောပြောခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တပ်ကုန်းမြို့အ၀င်မှာ ပုဒ်မ ၄၃၆ မပြင်ရေးအတွက် ဆန္ဒပြသူတချိုရှိခဲ့ပြီး အဲဒီအထဲ က လူတစ်ချို့ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစကားပြောခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List