Monday, May 26, 2014

ဘာသာပေါင်းစုံချစ်ကြည်ရေးခရီးစဉ် မော်လမြိုင်ရောက်ရှိ


ဘာသာပေါင်းစုံချစ်ကြည် ရင်းနှီးစေရန် ရည်ရွယ်၍ ဘာသာ ပေါင်းစုံမှ လူငယ်များက မော် လမြိုင်မြို့ရှိ ဘာသာရေးအထိမ်း အမှတ်နေရာများသို့သွားရောက် လေ့လာမှုများပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးခရီးစဉ်ကို မေလ (၂၄)ရက်နေ့က မော် လမြိုင်မြို့၌ ကျင်းပခဲ့သည်။

မော်လမြိုင်မြို့ရှိ ဘာသာ ပေါင်းစုံမှ လူငယ်များမှာ ဘာသာတရားမတူသူများအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးစေ ရန်ရည်ရွယ်၍ဗုဒ္ဓဘာသာကျောင်းများ၊ အစ္စလာမ်ဗလီ၊ ခရစ်ယာန် ဘုရားကျောင်းများနှင့် ဟိန်္ဒူ ဘုရားကျောင်းများကိုသွားရောက် လေ့လာခဲ့ကြပြီး ဘာသာရေး ခေါင်းဆောင်များအား သိလိုသည် များကို မေးမြန်းခဲ့ကြောင်းကိုလည်းသိရသည်။

““အခုဆိုရင် ဘာသာရေးနဲ့ ပတ်သက်တဲ့ ပြဿနာလေးတွေ တက်နေကြတယ်။ကိုယ့်ဘာသာ ရဲ့အမြင်ကိုသူ များတွေကိုသိသွား စေသလို၊သူများဘာသာတရားရဲ့အမြင်ကိုလည်း ကျွန်မတို့ရသွားတာပေါ့။ သူများဘာ သာနဲ့ ပတ်သက်တဲ့ ကိုယ့်အမြင်မှားနေတယ် ဆိုတာမျိုးတွေကိုလည်း သူတို့ ရှင်းပြသွားလို့ သေချာနားလည် လိုက်ရတယ်။ ကျွန်မတို့ သိလိုက် ရတာကိုပတ်ဝန်းကျင်ကိုပြန်လည် မျှဝေပေးခြင်းအားဖြင့် ဘာသာ ပေါင်းစုံအတူ ငြိမ်းချမ်းစွာနေနိုင် မှာပါ””ဟု ခရစ်ယာန်ဘာသာဝင် မရီတာလွင်က ပြောသည်။

““ရည်ရွယ်ချက်ကတော့ လူငယ်တွေကြားထဲမှာ ငြိမ်းချမ်းမှုကို ဦးတည်စေချင်တယ်။နား လည်မှုတွေ ရှိစေ ချင်တယ် ။ ဒီလို လေ့လာခြင်းအားဖြင့် သွေးထို့ လှုံ့ဆော်မှုတွေကို ကျော်လွှားနိုင်မှာပါ။ ပွင့်လင်းမြင်သာစွာ လေ့လာခြင်းအားဖြင့် အနာဂတ်လူငယ်တွေဟာ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြတ်ကျော်နိုင်မှာပါ။”ဟု အစီအစဉ်ကို ဦးဆောင်သူ အပြုံးပညာရေးဖောင်ဒေးရှင်းမှ ဦးမျိုးဝင်းက ပြောသည်။

အဆိုပါဖောင်ဒေးရှင်းအနေနှင့် လူငယ်များအကြား ဘာသာရေးလေ့လာမှုအစီအစဉ်များကို ရန်ကုန်၊ မန္တလေး၊ပဲခူး၊တောင်ကြီး၊နှင့်မော်လမြိုင်မြို့များတွင် လုပ်ဆောင်ရန်စီစဉ်ထားရှိပြီး ၂၀၁၄ ခုနှစ်တွင် ဆယ်ကြိမ်ခန့်လေ့လာရေးခရီးစဉ်များ ရှိမည်ဟု သိရှိရသည်။

Hot News Journal

No comments:

Post a Comment

My Blog List