ထိုင်းစစ်တပ်က ခေါ်ယူထိမ်းသိမ်းထားတဲ့ ဝန်ကြီးချုပ်ဟောင်းယင်လတ်ရှင်နာဝပ်ကို မနေ့ညနေပိုင်းက ပြန်လွှတ်လိုက်ပြီဖြစ်ပါတယ်။ ထိုင်းစစ်တပ်အာဏာသိမ်းမှုဟာ အခြားသော စစ်အာဏာသိမ်းမှုများ အတိုင်းဖြစ်လာနေပြီလို့ လေ့လာသူတွေက ပြောပါတယ်။
လေ့လာသူတွေခန့်မှန်းခဲ့ကြတဲ့အတိုင်း ညမထွက်ရအမိန့်၊ စစ်အုပ်ချုပ်ရေးကြေငြာချက်များ၊ ရုပ်သံမှ စစ်ချီတေးထုတ်လွှင့်မှုများနောက်ပိုင်းမီဒီယာဆင်ဆာနဲ့ ဖမ်းဆီးထိမ်းသိမ်းမှုတွေ ပါဝင်လာပါတယ်။
အခုတကြိမ်အာဏာသိမ်းမှုဟာ အရင်အကြိမ်များနဲ့မတူဘဲ ဒေါသတွေပါနေပြီး တင်းမာမှုပိုကြီးမားပါတယ်။
ဆန့်ကျင်ဆန္ဒပြမှုတွေက အခုအချိန်မှာ လူရာဂဏန်းမျှနည်းပါးသေးငယ်ပေမယ့်လည်း ပိုမို ကြီးထွားလာမယ့် အရိပ်အယောင်တွေရှိနေတယ်လို့ ဘန်ကောက်မြို့အခြေစိုက် ဘီဘီစီသတင်းထောက်ကပြောပါတယ်။
The Myanmar Age
No comments:
Post a Comment