Tuesday, May 27, 2014

တရုတ် စစ်သင်္ဘော ရေယာဉ်စု နိုင်ဂျီးရီးယားသို့ ရောက်ရှိ


တရုတ်ရေတပ်ဖွဲ့ရဲ့ အမှတ်(၁၆) ရေတပ်လုံခြုံရေးရေယာဉ်စုဟာနိုင်ဂျီးရီးယားနိုင်ငိံကု ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ကြောင်းသိရပါတယ်။ အဲဒီ ရေယာဉ်စုမှာ ပုံစံသစ်ပဲ့ထိန်း ဒုံးကျည်တင်ဖရီးဂိတ် စစ်သင်္ဘော Yancheng ၊ ပဲ့ထိန်းဒုံးကျည်တင် ဖရီးဂိတ်စစ်သင်္ဘောLuoyang နဲ့ ရေတပ်စစ်သည် ၆၆ဝ သယ်ဆောင်နိုင်တဲ့ အထောက်အကူပြု သင်္ဘော Taihuတို့ပါဝင်တယ်လို့ နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Gu Xiaoje က ပြောပါတယ်။

အဲဒီရေယာဉ်စုကို နိုင်ဂျီးရီးယားနိုင်ငံအနောက်ပိုင်း ရေတပ်ဌာနချုပ်ရဲ့စစ်ဦးစီးအရာရှိချုပ် ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး E.G Ofik နဲ့အတူကြိုဆိုခဲ့ကြပြီး အခုခရီးစဉ်ဟာ နှစ်နိုင်ငံရေတပ်များအကြားရင်းနှီးကျွမ်း
ဝင်မှု ပိုမိုတိုးတက်ရေးကို မျှော်မှန်းထားပါတယ်လို့ Gu Xiaoje က ပြောပါတယ်။ 

ခရီးစဉ်အတွင်းနှစ်နိုင်ငံပူးတွဲလေ့ကျင့်ခန်းများသာမက အတတ်ပညာပိုင်းဆိုင်ရာအပြန်အလှန်ဖလှယ်မှုများ လုပ်ဆောင်သွားမှာဖြစ်တဲ့အပြင်နိုင်ဂျီးရီးယားတပ်မတော် အဆင့်မြင့် အရာရှိကြီးများနဲ့လည်းတွေ့ဆုံ ဆွေးနွေးပွဲတွေ ပြုလုပ်သွားဖို့စီစဉ်ထားရှိကြောင်းလည်း သိရပါတယ်။

Source; AP
The Myanmar Age

No comments:

Post a Comment

My Blog List