Friday, May 30, 2014

ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံပယ်ချခံရ



ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦးတို့၏အမှုအား ပြည်ထောင်စုတရား လွှတ်တော်ချုပ်၌ မေလ ၃၀ရက်နေ့က အပြီးသတ်စီရင်ချမှတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တက်သည့်အယူခံကိုပယ်ချခံခဲ့ ရသည်ဟု သိရှိရသည်။

အဆိုပါ အမှုအား မေလ ၃၀ရက်နေ့တွင် တရားသူကြီးတစ်ဦး၏ရှေ့၌ စီရင်ချက်ချမှတ်မည်ဟု ပြည်ထောင်စု လွှတ်တော်ချုပ်အမှုစာရင်း အမှတ်စဉ်(၁၃)တွင် ဖော်ပြထားပြီး ယခုကဲ့သို့ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်ကဆိုသည်။
“ဒီနေ့ အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တက်တဲ့အယူခံကို ပယ်လိုက်တယ်လို့သိရပါတယ်”ဟု ဦးထွန်းထွန်းဟိန် က ပြောသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် အမှုစားရင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်းဆန်းဦးတို့၏အမှုအား အမှတ်စဉ် (၁၃)တွင် ဖော်ပြထားပြီး တရာမအယူခံမှု၊ အမှုအမှတ် ၄၄၁/၂၀၁၃၊ အယူခံ တရားလို ဒေါ်အောင်ဆန်း စုကြည်၊ အယူခံ တရားလိုရှေ့နေ ဦးဥာဏ်ဝင်း၊အယူခံတရားပြိုင် ဦးအောင်ဆန်းဦး(၎င်း၏အခွင့်ရကိုယ်စားလှယ် ဦးစိုင်းညွန့်နိုင်)၊အယူခံတရားပြိုင်ရှေ့နေ ဦးအေးလွင်၊ စီရင်ချက်ချမှတ်ရန်ဟု ဖော်ပြပါရှိသည်။

အဆိုပါ အမှုစီရင်ချက် ချမှတ်မှုနှင့် ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ ဆက်သွာ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

“ဒိကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ ဖြေလို့မရပါဘူး။တာဝန်ရှိတဲ့လူက အပေါ်ကို အစည်းအဝေးသွားပါတယ်”ဟူ၍သာ ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါအထူးအယူခံမှုအား နေပြည်တော်ရှိပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး (၁)ဦးရှေ့မှောက်၌(တစ်ပါးထိုင်)ကြားနာစစ်ဆေးခဲ့ပြီးဖြစ်ကာ မေလ (၃၀)ရက် နေ့တွင် အပြီးသတ် စီရင်ချက် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ နအဖ စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏သားကြီးဖြစ်သူ အမေရိကန်နိုင်ငံတွင် နေထိုင်သည့် ဦးအောင်ဆန်းဦးက ညီမဖြစ်သူဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်နေသည့် တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄) နေအိမ်အားအမွေဆိုင်အဖြစ်ထုခွဲ ရောင်းချရန်တရားရုံးတွင် တရားမမှုအဖြစ်စွဲဆိုခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က နအဖ အစိုးရသည် ၉၀ပြည့်နှစ်ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာအများစုဖြင့် ပြတ်ပြတ် သားသား အနိုင်ရထားသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အာဏာလွဲပေးရန်ငြင်းဆန်ခဲ့သည်။

ထို့ပြင် ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံအတွင်းမှထွက်သွားရန်ဖိအားပေး ခံနေရ ချိန်ဖြစ်သည်။

နေအိမ်အကျယ်ချုပ်ချထားခြင်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက စိတ်ဓာတ်ရေးရာအရ ဖိအားပေး ရန် ရည်ရွယ်ချက်ဖြင့် ပြည်ပတွင်နေထိုင်သည့်အစ်ကိုရင်းဖြစ်သူ ဦးအောင်ဆန်းဦးကို ညီမအရင်းဖြစ်သူကို တရားစွဲဆိုရန် စီမံခြင်းဖြစ်သည်ဟု နိုင်ငံရေးသုံးသပ်သူများနှင့် မြန်မာနိုင်ငံသားအများစုက ယူဆကြသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် ၂၀၁၀ တရားစီရင်ရေးဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် တရားမအထွေထွေ လျှောက်လွှာ ၄၄၁/၂၀၁၃ ဖြင့် လျှောက်ထားခဲ့သဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အထူးအယူခံမှုအဖြစ် လက်ခံစစ်ဆေးပေး နေခြင်းဖြစ်သည်။

တရားဥပဒေအရ နစ်နာသောနိုင်ငံသားများသည် နိုင်ငံတော်၏အမြင့်ဆုံးတရားလွှတ်တော်သို့ အထူးအယူခံအဖြစ် လျှောက်ထားခွင့်ရှိသည်။ ထို့ကြောင့်တရားလိုဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တရားလွှတ်တော် ရှေ့နေ ဦးဥာဏ်ဝင်းက ဥပဒေဆိုင်ရာအချက်အလက်များဖြင့် လျှောက်လဲခဲ့ခြင်းဖြစ်သည်။

တရားပြိုင်ဖြစ်သော ဦးအောင်ဆန်းဦးက လူကိုယ်တိုင်လာရောက်ခြင်းမရှိဘဲ ဦးစိုးညွန့်နိုင်ဆိုသူအား ၎င်း၏ အခွင့်ရ ကိုယ်စားလှယ်အဖြစ် တရားခွင်တွင်ခုခံလျှောက်လဲစေခဲ့သည်။ ဦးအောင်ဆန်းဦးဘက်မှလိုက်ပါ ဆောင်ရွက်သည့်ရှေ့နေ မှာ ဦးအေးလွင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်နေသည့်တက္ကသိုလ်ရပ်သာလမ်းနေအိမ်ကိစ္စနှင့်ပတ်သက်၍ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးကအမှုရင်ဆိုင်နေရခြင်းလည်း ဖြစ်သည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List