Monday, May 26, 2014

ဟိန္ဒားသတ္ထုတူးဖော်ရေး စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝဒုက္ခရောက်နေမှုများကို ဒေသခံများမှ ရှင်းလင်းပြောကြား



တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း ထိုင်းအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်သည့် (MPCL) မှ ဆောင်ရွက် နေသည့် သတ္ထုတူးဖော်ရေးလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝဒုက္ခရောက်နေမှုများကို ဒေသခံများက မေ ၂၅ တွင်၇န်ကုန်မြို့ အမှတ်(၄၃၇) ဒုတိယထပ် ကုန်သည်လမ်း၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ဒေသခံတစ်ဦးဖြစ်သူ ဒေါ်တင်လှမှ “ဒီစီမံကိန်းက ကျွန်မတို့ကို ဘာကောင်းကျိုးမှမပေးဘူး ခြံခုတ်စားလို့လည်းမရ ဟိုဟာ မလုပ်ရဒီဟာမလုပ်ရနဲ့ ဘာမှလုပ်ကိုင်စားလို့မရပါဘူး ကျွန်မက ဗုဒ္ဓတရားတော်အတိုင်း မေတ္တာ ထားပါတယ် ခံစားနေ ရတာများတော့မခံစားနိုင်တော့လို့ခုလိုတရားစွဲရတာပါ”ဟု ပြောသည်။

ထိုဖြစ်ရပ်များကြောင့် မြောင်ပြိုကျေးရွာသားများက အမှတ်(၂)သတ္ထုတွင်းဝန်ကြီးဌာန သတ္ထုတွင်းလုပ်ငန်းနှင့်Myanmar Pongpipat Company Ltd (MPCL) တို့အား တရားဆွဲဆိုထားပြီး ထားဝယ်ခရိုင်တရားရုံးက တရားစွဲမှုကိုလက်ခံ လိုက်ကြောင်း သိရသည်။

“တရားဥပဒေအရ ပေးအပ်ထားတဲ့အခွင့်အရေးတွေ အရဒေသခံတွေရဲ့နစ်နာမှုတွေ အတွက် ကျွန်မတို့ကတရား ရင်ဆိုင်ရာမှာကူညီသွားမှာပါထိခိုက်နစ်နာတဲ့အိမ်ခြေက ၃၄အိမ်ရှိတယ် ခုတရားစွဲထားတာ ၉ အိမ်ပါ ကျန်တဲ့သူတွေ ကလည်း ထိခိုက်နစ်နာမှုအတွက်တရားစွဲမယ်ဆိုရင်ကူညီဆောင်ရွက်ပေးသွားမှာပါ” ဟု ထားဝယ်ရှေ့နေအဖွဲ့(DGL)မှ ဒေါ်တင်တင်သက် ကပြောသည်။

အဆိုပါစီမံကိန်းမှ စွန့်ပစ်ရေဆိုးများကြောင့် စီမံကိန်းအနီးအနားတွင် တည်ရှိသော မြောင်ပြိုကျေးရွာမှ စိုက်ခင်းများ ပျက်စီးခြင်း၊သောက်ရေအတွက်အားထားရသော ရေချိုတွင်းများမှာလည်းယခုအခါတွင် သောက်သုံး၍မရတော့ ကြောင်းဒေသခံများကပြောသည်။

“အရင်က ရွာမှာသောက်ရေအတွက်အိမ်တိုင်းမှာရေတွင်းရှိတယ် ခုဆိုသောက်ရေအတွက်အခက်အခဲဖြစ်နေပြီ နောက်ပြီး ရေချိုးတော့လည်းဒီရေတွေကို ချိုးရတဲ့အတွက် ကလေး၊လူကြီး တွေ အသားမှာအနီဖုတွေထ အနာတွေဖြစ်နေ ကြပါတယ်”ဟု မြောင်ပြိုကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းဝေကပြောသည်။

အဆိုပါစီမံကိန်းကို အမှတ်(၂)သတ္ထုတွင်းဝန်ကြီးဌာန၊ သတ္ထုတွင်းလုပ်ငန်းနှင့် ထိုင်းကုမ္ပဏီ(MPCL)တို့၊ အကျိုးတူပူးပေါင်း ၍ ၁၉၉၉ ခုနှစ်တွင်စတင်လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

ချမ်းမင်းဟန်
The Myanmar Age

No comments:

Post a Comment

My Blog List