Thursday, May 29, 2014

မြန်မာဘာသာဖြင့် ထုတ်ဝေသော အစိုးရ သတင်းစာများ ပုဂ္ဂလိကနှင့် ပူးပေါင်းမည် မဟုတ်ဟုဆို



အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေလျက်ရှိသော The New Light Of Myanmar သတင်းစာကို ဂျပန်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုနှင့် ဖက်စပ်လုပ်ကိုင်နေသော်လည်း မြန်မာဘာသာဖြင့် ထုတ်ဝေလျက်ရှိသော သတင်းစာများကိုမူ ပုဂ္ဂလိကကုမ္ပဏီများနှင့် ဖက်စပ်ပူးပေါင်းလုပ်ကိုင်မည်မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါ်သီတာတင်က ပြောကြားသည်။
ပြန်ကြားရေး ဝန်ကြီးဌာနက မြန်မာဘာသာဖြင့် ထုတ်ဝေလျက်ရှိသော မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့ကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းမည် မဟုတ်သော်လည်း အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ် လာမည့်နှစ်အတွင်း ပြောင်းလဲနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း ၎င်းကဆိုသည်။

“အများပြည်သူ ဝန်ဆောင်မှုမီဒီယာ (PSM) ဆိုတာ ပြည်သူတွေရဲ့ ဘတ်ဂျက်၊ ပိုက်ဆံနဲ့ အစိုးရကတစ်ဆင့် လွှတ်တော် ကနေပြီးတော့ အများပြည်သူဝန်ဆောင်မှုမီဒီယာ(PSM)အတွက် ဘတ်ဂျက်ချပေးမယ်” ဟု ညွှန်ကြားရေးမှုး ဒေါ်သီတာတင် မှ ပြောကြားသည်။

အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲပြီးပါက အဆိုပါ သတင်းစာများကို တိုင်းရင်းသား ဘာသာစကား များဖြင့် တိုးချဲ့ထုတ်ဝေသွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

အဆိုပါ အစိုးရထုတ်သတင်းစာ နှစ်စောင်ကို အများပြည်သူ ဝန်ဆောင်မှုမီဒီယာ (PSM) အဖြစ် ပြောင်းလဲရန် လွှတ်တော် သို့ ပြန်ကြားရေး ဝန်ကြီးဌာနက ဥပဒေတစ်ရပ် ရေးဆွဲကာ တင်သွင်းထားပြီး ယင်းဥပဒေကို မီဒီယာအဖွဲ့အစည်း အသီးသီး ကန့်ကွက်ထားသည်။

အဆိုပါ ဥပဒေကို မေလ ၂၈ ရက်နေ့ စတင်ကျင်းပသည့် ဒသမအကြိမ် လွှတ်တော်အစည်းအဝေးများတွင် အတည်ပြုနိုင် မည်ဟု ခန့်မှန်းထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ပြန်ကြားရေး ဝန်ကြီးဌာနက အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေလျက်ရှိသော The News Light of Myanmar သတင်းကို မေလ ၁ ရက်နေ့မှ စတင်ကာ ဂျပန်နိုင်ငံအခြေစိုက် Global Direct Link ကုမ္ပဏီနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ဖက်စပ် ပူးပေါင်းကာ စတင်ထုတ်ဝေလျက် ရှိသည်။ 

The Voice Weekly

No comments:

Post a Comment

My Blog List