Thursday, May 29, 2014

စပိန်က ဆယ်လသား ကလေးငယ်အသက်ကို ကယ်ခဲ့တဲ့ ရော်နယ်ဒို



ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဟာ ၂၀၁၄ နှစ်ဆန်းပိုင်း လောက်က စပိန်နိုင်ငံရှိ ဆေးရုံ တစ်ရုံက ဆယ်လသား ကလေးငယ် တစ်ဦးရဲ့ အသက်ကို ကယ်ဆယ်ခဲ့ပါတယ်။  ရှားပါး ဦးနှောက် ဆက်စပ် ရောဂါ တစ်ခု ဖြစ်နေပြီး ဈေးအကြီး ဆုံး အော်ပရေးရှင်းတစ်ခု ဝင်ရမှာမို့ ကလေးငယ်ရဲ့ မိဘ ဖြစ်သူတို့က ရော်နယ်ဒို ဝတ်ပြီးသား ဂျာစီအဟောင်း တစ်ထည် နဲ့ ဖိနပ်အဟောင်း တစ်စုံလောက် ပေးဖို့ တောင်းဆိုပါတယ်။ 
ယင်း အင်္ကျီနဲ့ ဖိနပ်ကို ရောင်းချလို့ရမှာ ကလေးငယ် အော်ပရေးရှင်းအတွက် ငွေရမှာမို့ ဖြစ်ပါတယ်။ ကုသစရိတ်က အမေရိကန်ဒေါ်လာ ၈၃၀၀၀ တန်ဖိုး ရှိပါတယ်။ 

ဒါနဲ့ ရော်နယ်ဒိုဟာ ဂျာစီတစ်ထည်နဲ့ ဖိနပ်တစ်ရံအဖြစ် အမေရိကန်ဒေါ်လာ ၈၃၀၀၀ တန်ဖိုးရှိတဲ့ ငွေလက်မှတ် ကို ပေးပါတယ်။ ပြီးတော့ ကလေးငယ်ရဲ့ ဆေးကုသမှု အတွက်ကိုလည်း ကူညီ ထောက်ပံ့ခဲ့ပါ သေးတယ်။ သူ့ရဲ့ ကူညီ ထောက်ပံ့မှုကြောင့် ကလေးငယ်ဟာ အသက်ရှင်သန်ခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ယခုလို ကူညီမှု အသေးစားပေါင်း များစွာကို ကူညီခဲ့ပြီး ကမ္ဘာလုံး ဆိုင်ရာ၊ ဆင်းရဲနွမ်းပါးမှုနဲ့ အစာရေစာ ရှားပါးမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေမှာလည်း ဦးဆောင် လုပ်ကိုင် ပေးလျက်ရှိကြောင်း သိရပါတယ်။
.
Ref:yahoo
YoYarLay

No comments:

Post a Comment

My Blog List