Wednesday, May 28, 2014

လတ်တလော ထိုင်းနိုင်ငံရဲ့စီးပွားရေးဂယက်


ထိုင်းနိုင်ငံမှာ အားနည်းတဲ့ အိမ်စောင့်အစိုးရလက်ထက် ခြောက်လကြာ မရေရာမသေချာမှုတွေ ကြုံခဲ့ရ အပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ထိုင်းစီးပွားရေး ရှေ့အလားအလာအပေါ် စီးပွားရေး လေ့လာသုံးသပ်သူတွေသတိထားပြီး အကောင်းမြင်သဘော ပြောကြပါတယ်။ ရေတို ပြန်ပြီးနာလန်ထူလာ မယ်လို့ မျှော်လင့်ထားကြပေမယ့်လည်း  ခရီးသွားလုပ်ငန်းနဲ့ရင်းနှီးမြှုပ်နှံမှုတွေမှာ မရေမရာဖြစ်မှုက လွှမ်းမိုးနေပါတယ်။

လပေါင်းများစွာကြာအောင် နိုင်ငံရေး အခြေအနေ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေခဲ့ပြီးတဲ့နောက် ထိုင်း စစ်တပ်က အိမ်စောင့်အစိုးရကိုအာဏာသိမ်းဖြုတ်ချခဲ့အပြီး နောက်တစ်ရက်မှာ ထိုင်းနိုင်ငံရဲ့ ဘဏ္ဍာ ငွေကြေးအစုရှယ်ယာဈေးကွက်တွေကို သတိနဲ့တုန့်ပြန်ခဲ့ကြပါတယ်။

နိုင်ငံရေးတည်ငြိမ်မှုသာ ပြန်ဖြစ်လာမယ်ဆိုရင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုပြန်အသက်သွင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး စီးပွားရေးပညာရှင်တွေကသတိကြီးစွာနဲ့ ရင်ခုန်နေကြဆဲရှိပါတယ်။

ဈေးကွက်အခြေအနေဟာ လပေါင်းများစွာကြာအောင် နိုင်ငံရေးပဋိပက္ခတွေ ဖြစ်နေခဲ့တဲ့အပေါ် တုန့်ပြန် ချက်ဖြစ်ခဲ့တယ်လို့ ဘန်ကောက်မြို့တော်အခြေစိုက် SC Securities ကုမ္ပဏီက အရောင်းဌာန အမှုဆောင်ညွှန်ကြားရေးမှူး Vikas Kawatra က ပြောပါတယ်။

“ဈေးကွက်ဖွင့်ချိန်မှာ နည်းနည်းနိမ့်ပေမယ့် ၁.၁% လောက်ပဲ နိမ့်တာပါ။ဒါကိုကြည့်ပြီးတော့ အာဏာသိမ်း တဲ့အပေါ် နိုင်ငံခြားသားတွေက ကြိုက်တယ်မကြိုက်ဘူးဆိုတာ ပြနေတယ်လို့ တကယ်တမ်းပြောလို့မရ ပါဘူး။ ၁% ဆိုတာကတုန့်ပြန်ချက်လို့တောင် မပြောနိုင်ပါဘူး။ ကုန်သွယ်မှုပမာဏကကောင်းပါတယ်။ဒသခံတွေက အခြေအနေ တစ်ခုလုံးအပေါ် သိပ်ကို စိတ်ပျက်နေကြတာမို့အာဏာသိမ်းတာကို ကြိုဆိုပါ တယ်။ ဒေသခံတွေဆိုတာဘန်ကောက် လူထုကိုဆိုလိုတယ်ဆိုတာ မမေ့ပါနဲ့။ 

ဘန်ကောက်လူထုအများစုက အခြေအနေတွေအပေါ်မတူကွဲပြားတဲ့အမြင် ရှိကြပါတယ်။” လပေါင်းများစွာ ကြာတဲ့ ဆန္ဒပြပွဲတွေ၊ ဖေဖော်ဝါရီလကကျင်းပခဲ့တဲ့ မအောင်မမြင်ရွေးကောက်ပွဲ၊ လူ ၃၀ နီးပါးသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရခဲ့တဲ့နိုင်ငံရေးအကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံရဲ့စီးပွားရေးဟာ ဆုတ်ယုတ် ကျဆင်းမှုနဲ့ ရင်ဆိုင်နေရတာပါ။ပဋိပက္ခကြောင့်ရင်းနှီးမြှုပ်နှံသူတွေနဲ့ စားသုံးသူတွေရဲ့ ယုံကြည်မှု အညွှန်းကိန်းကျသွားတာနဲ့အမျှ ၂၀၁၃ ခုနှစ် နောက်ဆုံးသုံးလပတ် နဲ့ နှိုင်းယှဉ်မယ်ဆိုရင်ဒီနှစ် ပထမလေးလပတ်မှာ ထိုင်းစီးပွားရေး ဟာ ၂% ကျော်ကျသွားခဲ့တယ်လို့စီးပွားရေး ဆိုင်ရာ တစ်နိုင်ငံလုံး အဆင့် ပညာရှင်အဖွဲ့တစ်ဖွဲ့ကပြောထားပါတယ်။

ထိုင်းနိုင်ငံမှာ ပုံမှန်လည်ပတ်လုပ်ဆောင်တဲ့ အစိုးရတစ်ရပ်မရှိတာဒီဇင်ဘာလကတည်းကပါ။ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ဖွဲ့ထားတဲ့လွှတ်တော်တစ်ရပ်မရှိတာကြောင့် အရေးကြီးတဲ့ ဘဏ္ဍာငွေကြေး နဲ့ အသုံးစရိတ်အစီအစဉ်တွေ ရှေ့မဆက်နိုင်ခဲ့ပါဘူး။ စီးပွားရေးအတွက်အဓိကမောင်းနှင်အားတစ်ခုဖြစ်တဲ့ အစိုးရသုံးစွဲမှုဟာ ၂၀% ကျသွားခဲ့ပြီးပုဂ္ဂလိကသုံးစွဲမှုကလည်း အားနည်းသွားခဲ့ပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံသူတွေဟာ မကြာသေးခင်နှစ်တွေ အတွင်း နိုင်ငံရေးအရပိုပြီးတည်ငြိမ်လာခဲ့တဲ့ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှားနိုင်ငံ တွေအပါအ၀င်ဒေသတွင်း အလားအလာရှိတဲ့ တခြားနေရာတွေကို ကြည့်လာကြပြီလို့
လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ ခရီးသွားနဲ့ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းဟာလည်း ဖိအားပေးခံနေရပါပြီ။

ပြီးခဲ့တဲ့သီတင်းပတ်အစောပိုင်းမှာ စစ်ဘက်က စစ်အုပ်ချုပ်ရေးဥပဒေကိုထုတ်ပြန်ခဲ့တာဟာ ခရီးသွားနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အာမခံမူဝါဒတွေနဲ့ သဘောတူညီချက်တွေအပေါ် သက်ရောက်ခြေ ရှိနိုင်ပါတယ်။မကြာသေးခင်လတွေအတွင်း နိုင်ငံရေးပဋိပက္ခတွေ ပြင်းထန်နေချိန်မှာ နိုင်ငံ ၄၀လောက်က ထိုင်းနိုင်ငံဆီ ခရီးသွား သတိပေး ချက်ထုတ်ပြန်ခဲ့ပါတယ်။

ဟောင်ကောင် စက်မှုလုပ်ငန်းကောင်စီက အနီရောင်အဆင့် ခရီးသွားသတိပေးချက်ထုတ်ပြန်ခဲ့တာကြောင့် ထိုင်းနိုင်ငံဆီ အုပ်စုလိုက်လာရောက်မယ့်ခရီးစဉ်တွေအားလုံးကို ပယ်ဖျက် ခဲ့ပါတယ်။ စင်္ကာပူနိုင်ငံခြား ရေး ဌာနကလည်း ထိုင်းနိုင်ငံဆီခရီးသွားမယ့် သူတို့နိုင်ငံသားတွေကို အလေးအနက်ပြန်စဉ်းစားဖို့ အကြံပေး ခဲ့ပါတယ်။ 

ခရီးသွားအစီအစဉ်တွေ ပုံမှန်အတိုင်း လည်ပတ်လုပ်ဆောင်ခဲ့ပေမယ့် အလားအလာကတော့မရေ မရာဖြစ်နေတုန်းပဲလို့ Asian Trails ခရီးသွားလုပ်ငန်းအုပ်စုရဲ့အမှုဆောင်အရာရှိချုပ် Laurent Kuenzle က ပြောပါတယ်။

“ထိုင်းနိုင်ငံ လေဆိပ်အားလုံးကနေကျနော်တို့ခရီးသည်တွေရဲ့အ၀င်အထွက်တွေအားလုံးကို ဘာ ပြဿ    နာမှ မရှိဘဲ ကျနော်တို့လုပ်နိုင်ခဲ့ပါတယ်။ ခရီးစဉ်ပယ်ဖျက်တာတွေကနေ ဘယ်လိုသက်ရောက်မှု ရှိလာ မလည်းဆိုတာကတော့ လက်ရှိမှာကျနော်တို့ မသိပါဘူး။ ဘာဖြစ်မယ်ဆိုတာကို ခန့်မှန်းသုံးသပ်ဖို့ကသိပ်ကို ခက်ခဲပါတယ်”

တစ်ခုလုံးအနေနဲ့ဆိုရင်တော့ ခရီးသွားအရေအတွက်ဟာ နိုင်ငံတ၀န်းမှာအနည်းငယ်ပဲ ကျသွားပါတယ်။ ဒါပေမဲ့လည်း အထူးသဖြင့် ဘန်ကောက်မြို့တော်မှာဟော်တယ်ခန်းတွေကို ကြိုတင်ပြီးတော့ စရံသတ် ထားတွေကို ပယ်ဖျက်တာတွေအများအပြားရှိခဲ့ပြီလို့ ထိုင်းဟိုတယ်လုပ်ငန်းရှင်များအသင်းက ပြောနေ ကြောင်း သိရပါတယ်။

Ref;BBC/ review on Thailand
The Myanmar Age

No comments:

Post a Comment

My Blog List