Monday, May 26, 2014

" မန္တလေး ကဗျာဆရာများနှင့်ကာတွန်းဆရာများ ပုဒ်မ ၄၃၆ြ ပင်ဆင်ရန် လက်မှတ်ရေးထိုး "


မန္တလေးအခြေစိုက် ကဗျာဆရာများနှင့် ကာတွန်းဆရာများက ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော ပုဒ်မ ၄၃၆ ကို ပြင်ဆင် ပေးရန်လက်မှတ်ရေးထိုး ဆန္ဒပြုလိုက် ကြောင်း မန္တလေး ကဗျာဆရာများနှင့် ကာတွန်း ဆရာအချို့က ပြောသည်။

ပုဒ်မ ၄၃၆ ပြင်ဆင် ပေးဖို့ လက်မှတ်ရေးထိုးမှုကို မေလ ၂၅ ရက် ၂၆ ရက်နေ့ များတွင် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းသို့ ကာတွန်းဆရာများနှင့် ကဗျာဆရာများက သွားရောက် လက်မှတ်ရေး ထိုးခဲ့ကြောင်းသိရသည်။

အားလုံးသိပြီးသားပဲလေ ၄၃၆ က ပြင်ကို ပြင်ရမယ့်ဟာပဲလေ လိုအပ်တဲ့ အရာတစ်ခုပဲလေ ပြီးတော့ အမှန် တရားရဲ့ဘက်မှာ ကျနော်တို့ ကဗျာဆရာတွေက အမြဲတမ်းရပ်ပါတယ်ဆိုတဲ့အ ကြောင်းကို သက်သေ ထူတာပါ သိပ်အများကြီးမရှိပါဘူး ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာကို ပဲလုပ်တာပါပဲဟု မန္တလေး ကဗျာဆရာ ကိုထက် ( ရေဦး) က ပြောသည်။ 

မန္တလေးကာတွန်းဆရာ ကိုအောင်မော် ကပုဒ် မ ၄၃၆ ပြင်ဆင်ဖို့ အတွက် ကာတွန်းဆရာ ၁၂ ဦးခန့် က လက်မှတ်ရေးထိုး ခဲ့ကြောင်းပြောသည်။ ပုဒ်မ ၄၃၆ ပြင်ဆင် ဖို့ အတွက် မန္တလေးကဗျာဆရာ ၅၀ ကျော်က လက်မှတ် ရေးထိုး ခဲ့ကြောင်းသိရသည်။ 

ဖွဲ့စည်းပုံအ ခြေခံဥပ ဒေပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ လက်မှတ်ရေးထိုးရန်အတွက် မေလ ၁၈ ရက်က မန္တလေးမြို့သို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်တို့ က လာရောက်ဟောပြောမှုများပြုလုပ်ခဲ့သည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List