Tuesday, May 27, 2014

စစ်အာဏာသိမ်းမှုကို နားလည်ပေးရန် ထိုင်းစစ်တပ်က အမေရိကန်အား တိုက်တွန်းပြောကြား


အမေရိကန်နိုင်ငံက ထိုင်းနိုင်ငံအပေါ်စစ်ရေးဆိုင်ရာထောက်ပံ့ကူညီမှုများပေးအပ်နေမှုကို ဆိုင်းငံ့ လိုက်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် စစ်ဘက်အာဏာသိမ်းမှုပြုလုပ် ရခြင်းရဲ့နောက်ကွယ်က အကြောင်းအရာကို နားလည် သဘောပေါက်ပေးဖို့ ထိုင်းစစ်ဘက်လက်ထောက် ပြောရေးဆိုခွင့်ရှိသူ Werachon Sukhonpatipak က တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

ထိုင်းအာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ထိုင်းနိုင်ငံအပေါ် အမေရိကန်နိုင်ငံကဒေါ်လာ ၃ ဒသမ ၅ သန်းခန့် စစ်ရေးဆိုင်ရာအကူအညီ ပေးအပ်နေမှုကို ဆိုင်းငံ့ခဲ့ပါတယ်။ 

အခြေအနေအရပ်ရပ်ကို တစ်ပုံစံတည်းအဖြစ် ညှိယူလို့မရနိုင်ကြောင်း၊ နိုင်ငံအတွင်းရှိအခြေအနေကို နားလည်သဘောပေါက်နိုင်ရေး လိုအပ်ပါတယ်လို့ သူက ထပ် လောင်းပြောကြားခဲ့ပါတယ်။

Source; AP
The Myanmar Age

No comments:

Post a Comment

My Blog List