Tuesday, May 27, 2014

အခြေခံဥပဒေ ပြင်ဆင်ပေးရေး ကန့်ဘလူမှာ ဆန္ဒပြတောင်းဆို


ပြည်သူလူထုကို အကျိုးမပြုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ဆိုပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းကျေးရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း တို့ဟာ ဒေသခံတွေနဲ့ ပူးပေါင်းပြီး ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာ တောင်းဆိုတာတွေနဲ့ပတ်သက်ပြီး ကန့်ဘလူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ကိုဝင်းအောင်က အခုလိုပြောပါတယ်။

"လူတို့ကိုအကျိုးမပြုတဲ့ ဥပဒေလည်းဖြစ်တယ်၊ နောက်ပြီးတော့ သားစဉ်မြေးဆက် ကျနော်တို့ စစ်ကျွန်ဘဝကိုရောက်မယ့် ဥပဒေကြီးလည်းဖြစ်တယ်၊ နိုင်ငံရဲ့ လူဦးရေအများဆုံးဖြစ်တဲ့ လယ်သမားတွေကို ကာကွယ်မှုလည်းမပေးနိုင်ဘူး၊ ပြည်သူတွေရဲ့ ပညာရေး၊ ကျန်မာရေး၊လူမှုရေးကို အဖက်ဖက်က ဆုတ်ယုတ် ကျဆင်းစေတဲ့ အခြေခံဥပဒေကြီးဖြစ်လို့ ကျနော်တို့က ပြင်ချင်တာဗျ"

ဒီနေ့ ဆန္ဒပြပွဲကို ကန့်ဘလူမြို့နယ် ကျေးရွာပေါင်း ၇၈ ရွာက ဒေသခံတွေအပြင် ကျွန်းလှ၊ ရေဦး၊ ခင်ဦးစတဲ့ မြို့နယ်တွေ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List