Friday, May 30, 2014

ရွေးကောက်ပွဲအတွက် အဆင်သင့်မဖြစ်သေးကြောင်း ထိုင်းစစ်တပ်ပြော


ထိုင်းနိုင်ငံမှာ အရပ်ဘက်အုပ်ချုပ်ရေး ဘယ်တော့ပြန်ဖြစ်လာမယ်ဆိုတာမသိနိုင်သေးဘူးလို့  စစ်တပ်က အာဏာသိမ်းအပြီး တစ်ပါတ်အကြာမှာပဲပြောကြားလိုက်ပါတယ်။  စစ်တပ်က အာဏာဆက်သိမ်းမထား ချင်ပေမယ့် လက်ရှိအနေအထားတွေဟာ ရွေးကောက်ပွဲကျင်းပပေးဖို့ မသင့်တော်ဘူးလို့ထိုင်း ဒုတိယ ဗိုလ်ချုပ်ကြီး Chatchalerm Chalermsukh က ပြောပါတယ်။

“ဒီကနေ့အထိ ဆန္ဒပြမှုတွေရှိနေဆဲမို့ တချို့လူတွေကဆူပူအောင်လုပ်ချင်တုန်းပဲဆိုတာပြနေတာပါ။ ဒါ့ကြောင့် ရွေးကောက်ပွဲကျင်းပပေးလို့ မဖြစ်နိုင်သေးပါဘူး” လို့ ပြောသွားပါတယ်။ 

အခု စစ်တပ်အာဏာသိမ်းတာဟာ နှစ်ပေါင်း ၈၀ အတွင်း ၁၂ ကြိမ်မြောက်ဖြစ်ပြီးထိုင်းနိုင်ငံအတွက် လိုအပ်လို့လုပ်ရတာလို့လည်း ပြောပါတယ်။  ထိုင်းစစ်တပ်ကဆန္ဒမပြဖို့ တားမြစ်ခဲ့ပြီး ရာနဲ့ချီတဲ့အစိုးရ အရာရှိတွေ၊နိုင်ငံရေးသမားတွေနဲ့ အာဏာသိမ်းမှုဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီးခဲ့ပါတယ်။ 

ဆန္ဒမပြဘူးလို့ ကတိပေးသူတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့်လာရောက်အဖမ်းခံဖို့ နောက်ထပ် အများအပြား ကို ဆင့်ခေါ်ခဲ့သလို တချို့ကိုတော့တရားစွဲဆိုခဲ့ပါတယ်။ 

ထိုင်းစစ်တပ်အနေနဲ့ ငြိမ်းချမ်းစွာ ဝေဖန်သူတွေကိုဖမ်းနေတာရပ်ဆိုင်းဖို့နဲ့ အရပ်သားတွေကို စစ်ခုံရုံးမှာအမှု မစစ်ဖို့ Human Rights Watch လူ့အခွင့်ရေး အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

Source; Reuters
The Myanmar Age

No comments:

Post a Comment

My Blog List