Tuesday, May 27, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်၍ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆန္ဒပြခဲ့ကြောင်းသိရ


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ၊မော်လိုက်မြို့တွင် မေလ(၂၅) ရက်နေ့ နံနက်( ၉း၀၀) နာရီမှ(၁၀)နာရီခွဲအချိန်ထိ လူအင်အား (၂၀၀၀)ကျော် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြပွဲကို မော်လိုက်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးတင်မောင်ဝင်း ဦးဆာင်၍ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

“မနက်(၈)နာရီမှာ မြို့မကျောင်းတိုက်အတွင်းစုဝေး (၉)နာရီမှာ မြို့ထဲကိုတစ်ပတ်လှည့်လှည် ဆန္ဒဖော်ထုတ်တယ်။ မော်လိုက်မြို့နယ်ရပ်ကွက်၊ကျေးရွာအုပ်စု (၃၀)က ပြည်သူလူထု (၂၀၀၀) ကျော်က (၂၀၀၈)ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ဆန္ဒဖော်ထုတ်ကြတာပါ”ဟု မော်လိုက်မြို့ခံ တစ်ဦးဖြစ်သူကိုစည်သူ မှပြောပြခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲကို တရားဝင်ခွင့်ပြုမိန့်တင်ကာဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရသည်။ ဆန္ဒပြဖော်ထုတ်သူများသည်၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (ဃ)၊ (စ)ဖျက်သိမ်းရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး စသည့်

ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်းသိရသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanmar Age

No comments:

Post a Comment

My Blog List